ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးသင်စာသင်ကျောင်းများသို့ ဆန်အိတ်များပေးအပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးသင်စာသင်ကျောင်းများသို့ ဆန်အိတ်များပေးအပ်လှူဒါန်း



MNP - စက်တင်ဘာ  ၂၈


ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးသင်စာသင်ကျောင်းများသို့ ယနေ့နံနက်(၀၉:၃၀)အချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ ဆန်အိတ်များပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများဖြစ်သော ကြာကံဘုန်းကြီးကျောင်း၊ နိကာယ်ဘုန်းတော်ကြီးကျောင်းများသို့ ဆန်အိတ်(၆)အိတ်စီအား ဘုန်းတော်ကြီးကျောင်းရှိ ဆရာတော်သဃံာတော်များ ဆွမ်းဘုန်းပေးရာတွင် အခက်အခဲမရှိစေရေးနှင့် ဘာသာသာသနာတော်အကျိုးအား စိတ်အေးချမ်းသာစွာ ကျင့်ကြံအားထုတ်နိုင်ရေးတို့အတွက် ရည်ရွယ်၍ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။


အဆိုပါဆန်အိတ်များပေးအပ်လှူဒါန်းရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမြင့်သူဦးဆောင်၍ လှူဒါန်းမှုများပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြို့နယ်အတွင်းရှိ အခြားသော ဘုန်းတော်ကြီးကျောင်းများသို့ ဆက်လက်လှူဒါန်းပေးသွားဦးမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။


သတင်း - သက်မင်းဟန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)