တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ တုံ့ပြန်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အသိပေးရှင်းလင်းပွဲအခမ်းအနားသို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ တုံ့ပြန်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အသိပေးရှင်းလင်းပွဲအခမ်းအနားသို့တက်ရောက်



MNP - စက်တင်ဘာ   ၂၃


ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ တုံ့ပြန်ခြင်းဆိုင်ရာလုပ်ငန်းစဉ်များနှင့် ပတ်သက်၍အသိပေးရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်ကက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်း အဝေးခန်းမ၌ကျင်းပခဲ့သည်။


အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက တိုင်းဒေသကြီးအတွင်းကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ဝိုင်းဝန်း ပူးပေါင်းပြီးညီညီညာညာဖြင့်ကာကွယ်၊ ကုသ၊ စောင့်ရှောက်မှုများကိုအောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည့်အတွက် လျော့နည်းပပျောက်သွားသည်ကိုတွေ့ရှိခဲ့ရကြောင်း၊ ကိုဗစ်ရောဂါစတင် ဖြစ်ပွားစဉ်က တိုင်းဒေသကြီးတွင် တစ်ခြားတိုင်း/ပြည်နယ်များထက် ဖြစ်ပွားမှုနှုန်းလျော့နည်းသည်ကို တွေ့ရှိရကြောင်း၊ ကိုဗစ်ပထမလှိုင်း၊ ဒုတိယလှိုင်းများတွင် ဖြစ်ပွား နှုန်းနည်းပါးသော်လည်း တတိယလှိုင်းတွင် တိုင်းအတွင်းဖြစ်ပွားမှုများပြားသည့်အတွက် အခက်အခဲများစွာ ကြုံတွေ့ခဲရကြောင်း၊ ယခုတဖန် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူများတွေ့ရှိလာသည့် အတွက် ကြုံတွေ့နိုင်သည့်အခက်အခဲများ၊ လိုအပ်ချက် များကို ကြိုတင်ပြီး လုပ်ကိုင်ဆောင်ရွက်ထားရှိခြင်းဖြင့် နောက်ကြုံတွေ့လာနိုင်သည့်ဖြစ်ရပ်များကို ဝိုင်းဝန်းပြီးလုပ်ကိုင်ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ Quartine Center ထားရှိမည့်နေရာများ၊ ဆေးရုံဆေး ခန်းများ၊ Positive ဖြင့်ရောက်ရှိလာမည့်လူနာများအတွက် တာဝန်ထမ်းဆောင်ကြမည့်ကျန်းမာရေး ဝန်ထမ်းများ၊  ပရဟိတအဖွဲ့များ၊ Volunteer များက မိမိ၏ အသက်ကိုပဓာန မထားပဲရောဂါဖြစ်နေသည့် လူနာများကိုမိမိ၏အသက် ကိုရင်းပြီး ဆောင်ရွက်ရသည့်အတွက် မိမိဒေသတွင် သမိုင်းတစ်လျှောက်ဂုဏ် ယူရမည့်သူများဖြစ်ကြောင်း၊ ကိုဗစ်ရောဂါသည်ယခုအချိန်အခါတွင်ပြန်လည် တွေ့ရှိရသည့်အတွက် ကျန်းမာရေးပညာ ရှင်များ၊လူမှုဝန်ထမ်းပရဟိတအဖွဲ့များက အဆင်သင့်ဖြစ်နေရန် လိုအပ်လာပြီးဖြစ် ကြောင်း၊ပြီးခဲ့သောစက်တင်ဘာ ၁၄ ရက်နေ့ကိုဗစ်ပိုးစတင်တွေ့ရှိလာပြီးဖြစ်သည့်အတွက် ပြည်သူလူထုများအနေဖြင့် ဂရုတစိုက်သွားလာနေထိုင်ရန်နှင့်  Mask တပ်ဆင်ပြီးမှသွားလာနေထိုင်ရန် လိုအပ်လာပြီးဖြစ်ကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်ကြိုတင်ပြင်ဆင်ရမည့်အပိုင်းများ၊ စက်ပစ္စည်းများအနေဖြင့်ဆောင် ရွက်ရမည့်အခြေအနေများ၊ ကာကွယ်ကုသရေးအပိုင်းများတွင် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တက်ရောက်လာသူများအနေ ဖြင့်ကိုဗစ်-၁၉နှင့် ပတ်သက်၍အသိပညာပေး ဟောပြောမှုများ၊  Mask Campaign များ၊ ကုသရေး လုပ်ငန်းများတွင် ကြိုတင်ပြင်ဆင်ထားရှိနိုင်ရေးအတွက် အတိုင်းအတာတစ်ခုအထိဆောင်ရွက်ပေးစေလိုကြောင်း၊ ယခုအချိန်အထိဆောင်ရွက်ပေးနေမှုများကို တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်ကျေးဇူးတင်ရှိကြောင်းနှင့် ဆက်လက်ပြီးလုပ်ကိုင် ဆောင်ရွက်ပေးရန်လိုအပ်ကြောင်းပြောကြားသည်။


ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပရဟိတအဖွဲ့များ၊ Volunteer များက ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ တုံ့ပြန်ခြင်း ဆိုင်ရာလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ကြုံတွေ့နေရသောအခက်အခဲများ၊ လိုအပ်ချက်များ၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ်တွင် ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)