MNP - စက်တင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ယမန်နေ့နံနက်(၁၁)နာရီ၌ ဘိုကလေးမြို့နယ်၊ စက်ဆန်းကျေးရွာအုပ်စုရှိ အ.ထ.က(စက်ဆန်း) ကျောင်းတွင် အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်ခဲ့သည်။
အဆိုပါ ဟောပြာပွဲတွင် မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာကျော်မှ “လူငယ်နှင့် အားကစား” ခေါင်းစဉ်ဖြင့် လူငယ်များ၏ အားလပ်ချိန်များကို အားကစားကဏ္ဍဆိုင်ရာများ လေ့လာလိုက်စားခြင်းဖြင့် အကျိုးရှိစွာ အသုံးချစေချင်ကြောင်း၊ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန်အတွက် အားကစားကဏ္ဍသည်လည်း အရေးပါသည့် အခန်းကဏ္ဍမှပါဝင်ကြောင်း ကျောင်းသား/သူ (၃၀၀)ဦးအား ဟောပြောဆွေးနွေးခဲ့ပြီး အ.ထ.က စက်ဆန်းကျောင်းအတွက် အားကစားဆိုင်ရာပစ္စည်းများအား ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်း - မိုးစက်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment