­­­မင်းဘူး(စကု)မြို့နယ်၌ ချည်မျှင်ရှည်ဝါသီးနှံ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေး (၄)နှစ် စီမံကိန်းအသွင်ဖြင့် အကော်အထည်ဖော်ဆောင်ရွက်နေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

­­­မင်းဘူး(စကု)မြို့နယ်၌ ချည်မျှင်ရှည်ဝါသီးနှံ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေး (၄)နှစ် စီမံကိန်းအသွင်ဖြင့် အကော်အထည်ဖော်ဆောင်ရွက်နေ




MNP - စက်တင်ဘာ   ၂၈


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဒေသခံတောင်သူများ ဝါမျိုးသန့် မျိုးစေ့ထုတ်လုပ်ငန်းများနှင့် အရည်အသွေးပြည့်မီသော ချည်မျှင်ရှည်ဝါသီးနှံမျိုးအသစ်များ တိုးချဲ့စိုက်ပျိုးထုတ်နိုင်ရေးအတွက် (၄)နှစ်စီမံကိန်းအသွင်ဖြင့် အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


ချည်မျှင်ချည်ဝါသီးနှံကို ၂၀၂၂-၂၀၂၃ ခုနှစ်မှစတင်၍ (၄)နှစ် စီမံကိန်းအသွင်ဖြင့် တိုးချဲ့စိုက်ပျိုး ဆောင်ရွက်သွားမည်ဖြစ်ကာ လာမည့် ၂၀၂၅-၂၀၂၆ ခုနှစ် စိုက်ပျိုးရာသီအထိ ဝါသီးနှံစိုက်ဧရိယာကို ဧကပေါင်း ၃၁၀၀၀ ဧကအထိ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ဝါသီးနှံမျိုးစေ့များ လုံလောက်စွာရရှိနိုင်ရေးကို ကြိုတင်စီမံဆောင်ရွက်နေကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်လင်းက ပြောသည်။


ထိုသို့စိုက်ပျိုးရာတွင် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးသီးနှံချည်မျှင်ရှည်ဝါကို မုန်တောင်ကျေးရွာအုပ်စုတွင် တောင်သူ ၈ ဦးဖြင့် ချည်မျှင်ရှည်ဝါ မျိုးသန့်မျိုးစေ့ထုတ်စိုက်ခင်း ဧက ၂၀ ၊ ရေငံပက်ပယ်၊ ဖလံရုံပုဂံစစ် ကျေးရွာအုပ်စုတို့တွင် တောင်သူ ၃၂ ဦးဖြင့် ဝါသီးနှံအထူးဇုံ ဧက ၁၀၀ နှင့် ဝါသီးနှံစံပြကွက် ၁၀ ဧက အပြင် စိုက်ချိန်စမ်းသပ်ကွက်၊ စိုက်စနစ်စမ်းသပ်ကွက်နှင့် မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်များကိုလည်း စိုက်ပျိုးထားကြောင်း၊ ထို့အပြင် စိုက်ပျိုးရေးဦးစီးဌာန၊ ဝါနှင့်လျှော်မျှင်ထွက်သီးနှံဌာနခွဲမှ (ပြည်ထောင်စု) အစီအစဉ်ဖြင့် ကမ်းနီလျှပ်စစ်မြစ်ရေတင် ဧရိယာတွင် အရည်အသွေးမြင့် ချည်မျှင်ရှည်ဝါသီးနှံ Long Staple Cotton RAKA-345 မျိုးသစ်စမ်းသပ်ကွက် ၁၀ ဧက၊ ကျောက်စံလျှပ်စစ်မြစ်ရေတင် ဧရိယာတွင် China Cotton Xinhai-31 မျိုးသစ်စမ်းသပ်ကွက် ၁၅ ဧကနှင့် ရွာသာယာကျေးရွာအုပ်စုတွင် တောင်သူ ၁၅ ဦးဖြင့် ချည်မျှင်ရှည်ဝါ မျိုးသန့်မျိုးစေ့ထုတ်စိုက်ခင်း ၂၅ ဧကကိုလည်း စိုက်ပျိုးထားကြောင်း သိရသည်။


အဆိုပါ ဝါစိုက်တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ချည်မျှင်ရှည်ဝါသီး နှံတိုးချဲ့ စိုက်ပျိုးရေးအစီအစဉ်ဖြင့် မျိုးဝါစေ့ ၂၇၅ ဧကစာ ဖြန့်ဖြူးပေးထားကြောင်း၊ ထို့အပြင် ဝါသီးနှံမျိုးစေ့(FS) ၁၁၀ ဧကစာအတွက် ကွန်ပေါင်းမြေဩဇာ ၅၈ အိတ်၊ ပိုးသတ်ဆေး ၂၂၀ ဗူးနှင့် ရွက်ဖြန်းအားဆေးများ ပံ့ပိုးပေးထားပြီး ဒေသအတွင်း ဝါသီးနှံစိုက်တောင်သူများ တိုးတက်စိုက်ပျိုးရေး အထောက်အကူပြုစေရန် စိုက်ပျိုးနည်းပညာပေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


မင်ဘူး(စကု) မြို့နယ်၌ ယခင်နှစ် စိုက်ပျိုးရာသီတွင် ဝါသီးနှံကို ၁၇၁၆ ဧက စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့ပြီး ယခုနှစ်တွင် ၁၁၇၀ ဧကအထိ စိုက်ပျိုးနိုင်ခဲ့သည့်အတွက် ယခင်နှစ်ထက် ၅၄ ဧက ပိုမိုတိုးချဲ့ စိုက်ပျိုးနိုင်ခဲ့ကာ ဝါသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။


သတင်း - မောင်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)