သထုံမြို့ မူလတန်းကြိုကျောင်း၌ ကျောင်းတွင်း ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံမြို့ မူလတန်းကြိုကျောင်း၌ ကျောင်းတွင်း ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ







MNP ၊ စက်တင်ဘာ  ၂၈

မွန်ပြည်နယ်၊ သထုံမြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းတွင် ယနေ့ နံနက် ၉ နာရီခွဲ အချိန်ခန့်က မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအ‌ဝေးနှင့် ကျောင်းတွင်းဉာဏစွမ်းရည်ပြိုင်ပွဲ၊ ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ရှေးဦးစွာ သထုံခရိုင် လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မိုးမိုးက အမှာစကားပြောကြားပြီး သထုံမူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇင်မာမိုးက မူကြိုကျောင်း၏ သင်ကြားသင်ယူမှုလုပ်ငန်းစဉ်များကို ဆွေးနွေးကာ မိဘဆရာအသင်း အမှုဆောင်အဖွဲ့အား ပြန်လည်ဖွဲ့စည်း၍ တက်ရောက်လာသူတို့က လိုအပ်သည်တို့ကို အကြံပြုဆွေးနွေးခဲ့ကြသည်။


ယင်းနောက် ဉာဏစွမ်းရည်ပြိုင်ပွဲကို ကျင်းပရာ သထုံမြို့ မူလတန်းကြိုကျောင်းမှ ကျောင်းသားကျောင်းသူလေး များက အကြီးတန်းအဆင့်နှင့် အငယ်တန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ နှင့် သီချင်းဆိုပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ တာဝန်ရှိသူတို့က အကဲဖြတ်အမှတ်ပေးဆုရွေးချယ်ပေးခဲ့ကြသည်။


ဆက်လက်၍ ဆုချီးမြှင့်ပွဲကိုကျင်းပရာ သထုံခရိုင် လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ သထုံမူလတန်းကြိုကျောင်း မိဘအမှုဆောင်အဖွဲ့တို့မှ တာဝန်ရှိသူတို့က ယနေ့ကျင်းပသည့် အကြီးတန်းနှင့် အငယ်တန်း ကဗျာရွတ်၊ သီချင်းဆို ပြိုင်ပွဲတို့မှ ဆုရရှိကြသည့် ကလေးငယ်များအား အသီးသီးဆုချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။


နဒီ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)