ငပုတောမြို့မှ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံးကျောင်းများနှင့် (၃)ဘာသာ ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ငပုတောမြို့မှ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံးကျောင်းများနှင့် (၃)ဘာသာ ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

 


MNP - စက်တင်ဘာ   ၃၀


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲတွင်  အောင်ချက်အကောင်းဆုံးကျောင်းများနှင့် (၃)ဘာသာဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများ အား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီ  ၃၀ အချိန်က ငပုတောမြို့ အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။


အဆိုပါ အခမ်းအနားတွင် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက  မြန်မာ့ကျောင်း သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးကျော်သူက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတကာပညာရေးနှင့် ရင်ဘောင်တန်းနိုင် သည့် အခြေခံပညာရေးစနစ်မှသည်၊ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို တည်ဆောက်နိုင်သည့် လူစွမ်းအားအရင်းအမြစ် များ ပေါ်ထွန်းလာစေရေးအတွက် အမျိုးသားရေးတာဝန် တစ်ရပ် အဖြစ်ခံယူကာ ကျောင်းသား၊ ဆရာ၊ မိဘ၊ ကျောင်းအကျိုးတော်ဆောင် ရပ်မိ၊ ရပ်ဖတို့က သက်ဆိုင်ရာဌာနများနှင့် ဝိုင်းဝန်းပူးပေါင်းကြိုးပမ်းဆောင်ရွက်ရ မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 


ထိုနောက် မြို့နယ်ပညာရေးမှူး‌ ဆရာမကြီး ဒေါ်ကျင်းအေးက အမှာစကားပြောကြားရာတွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း တက်ရောက်ကြသော ကျောင်းသား၊ ကျောင်းသူများ၏ အောင်ချက်မြင့်မားရေးအတွက် ဆောင်ရွက်ရမည့် အခြေအနေများကို ရှင်းလင်ပြောကြားပြီး  အခြေခံပညာအထက်တန်းကျောင်းများဖြစ်သည့် အ ထ က သင်္ကန်းကုန်းကျောင်းမှ ပထမဆု၊  မန်ကျည်းပင်ကျောင်းမှ ဒုတိယဆုနှင့် ကျောက်ချောင်းကျောင်းမှ တတိယဆုများ ရရရှိခဲ့ကြသည့် ကျောင်းအုပ်ကြီးများအား လည်းကောင်း၊ မြို့နယ်အတွင်း ထူးချွန် (၃)ဘာသာဂုဏ်ထူးရှင် (၁၂၀) ဦးတို့အား မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ အမျိုးသမီး‌ရေးရာ၊ မိခင်နှင့်ကလေးစောင့်‌ ရှောက်ရေးအသင်းအဖွဲ့များက ဂုဏ်ပြုဆုများ၊ ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။


ဆက်လက်၍ ဆုရကျောင်းသား/ကျောင်းသူ၏ ကိုယ်စား အထက ငပုတော‌ကျောင်းမှ မောင်စိုင်းထက်ဝေက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ငပုတောမြို့အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် ဂုဏ်ပြုသီဆိုဖျော်ဖြေခဲ့ကြသည်။ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ တွင် ငပုတောမြို့နယ်မှ ဂုဏ်ထူးရရှိသူ (၆၀၇ )ဦးရှိကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)