MNP ၊ စက်တင်ဘာ ၂၃
မွန်ပြည်နယ်၊ ပေါင်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနအသိအမှတ်ပြု မူလတန်းကြိုကျောင်း(၄)ကျောင်းရှိ ဆရာများအား ထောက်ပံံ့ငွေနှင့် သင်ထောက်ကူပစ္စည်းများဝယ်ယူရန် ထောက်ပံ့ပေးအပ်ပွဲကိုယနေ့နံနက်ပိုင်းက ဝါရီရူခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထင်လင်းအောင်က ယခုလို့မူလတန်းကြိုကျောင်း ကလေးများအတွက်ထောက်ပံ့ပေးတဲ့အတွက် မြို့နယ်အနေဖြင့် ဝမ်းသာဂုဏ်ယူမိပါကြောင်း ကလေးငယ်တွေဟာ နောင်တစ်ချိန်တွင် လူကြီးများဖြစ်လာနိုင်သည့်အတွက် အနာဂတ်လှပဖို့ ဆရာတွေကပြုစုပျိုးထောင်ဖို့လိုအပ်ပါကြောင်းအမှာစကားပြောကြားခဲ့သည်။
ထို ထောက်ပံပေးအပ်ပွဲတွင် သထုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှုးနှင့်တာဝန်ရှိသူများက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်တို့ကို မူလတန်းကြို လေးကျောင်းရှိ ဆရာများအတွက်ထောက်ပံငွေနှင့် ကလေးငယ်များအား သင်ထောက်ကူပစ္စည်းများဝယ်ယူရန်အတွက် (၁၀၆၀၀၀၀ိ/-)ကျပ် ဆယ်သိန်းခြောက်သောင်းအား ပေးအပ် ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ သထုံခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှဝန်ထမ်းများ ပေါင်မြို့နယ် မူလတန်းကြိုကျောင်းရှိဆရာမများ ၊ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြောင်းသတင်းရရှိသည်။
တင်ဇာစိုး
https://t.me/MyanmarNationalPost

No comments:
Post a Comment