MNP - စက်တင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်အတွင်း ဟင်းသီးဟင်းရွက်နှင့် ငါးများဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းလုပ်ငန်းအား ယနေ့နံနက် ၇ နာရီအချိန်က အမှတ် (၉)ရပ်ကွက်၊ စံပယ်လမ်းထိပ်နှင့် အမှတ်(၁၃)ရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်းဆုံ၌ ဆောင်ရွက်သည်။
အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမောင်မောင်သွင်နှင့်ဝန်ထမ်းများ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နှင်းရည်စိုးနှင့် တာဝန်ရှိသူများ၊ မြို့နယ် ငါး၊ ပုဇွန်လုပ်ငန်းရှင်များမှ မြို့နယ်အတွင်းရှိ အခြေခံလူတန်းစားပြည်သူများအား ဟင်းသီးဟင်းရွက်နှင့် ငါးမြစ်ချင်း တစ်ပိသာ (၄၀၀) ကျပ်နှုန်းဖြင့် ကုန်ချိန်ပိဿာ (၁၆၀)၊ ပုဇွန် ကုန်ချိန်ပိဿာ (၃၀)အား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
သတင်း - အောင်အောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment