MNP ၊ စက်တင်ဘာ ၂၈
မွန်ပြည်နယ်၊ ကမ္ဘာ့ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် (ခွေးရူးရောဂါ)အကြောင်း အသိပညာပေး ပွဲကို ယမန်နေ့က အမက (၂)ဖလပ်၌ ပြုလုပ်ကျင်းပခဲ့သည်။
အခမ်းအနားတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာသက်နိုင်က ကျောင်းသား/သူများအနေဖြင့် ခွေးရူးလက္ခဏာများတွင် ခွေးသည် မှိုင်ပြီးကုတ်ခြင်း၊ သရေကျခြင်း၊ အမှီးကုတ်ခြင်း၊ မလန်းခြင်း၊ ပုံမှန်အနေအထားမရှိခြင်း၊ လှုပ်လှုပ်ရွရွဖြစ်ခြင်း စသည့်အချက်များရှိလာပါက သတိထားကြရန်၊ ယခုရာသီသည် ကိုဗစ်-၁၉ ရောဂါ ပြန်ဖြစ်နေသည့်အတွက် သားတို့သမီးတို့အနေဖြင့် အပြင်ထွက်တိုင်း Mask တပ်ကြရန်၊ လက်ကိုမကြာခဏဆေးကြရန် စသည်များကို မှာကြားဆွေးနွေးသည်။
ဟောပြောပွဲအပြီးတွင် ကျောင်းသား/သူ များအား နို့ဗူး (၁၅၀) ဗူးတိုက်ကျွေးခဲ့ရာ ကျောင်းအုပ် ဆရာမကြီးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
တင်ဇာစိုး
https://t.me/MyanmarNationalPost




No comments:
Post a Comment