ရန်ကုန်တိုင်းဒေသကြီး၊ အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥများအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီး၊ အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥများအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

 



MNP - စက်တင်ဘာ  ၂၈


ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စု၊ အောင်စည်းခုံဘုရားလမ်းရှိ အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ယနေ့နံနက်(၈)နာရီအချိန်က ရပ်ကွက်နေပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရေးအတွက် အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥများအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။


ထိုသို့ရောင်းချပေးခြင်းမှာ ပြည်သူများအနေဖြင့် နေ့စဉ်လူမှုဘဝ စားသောက်ရေးတွင် အထောက်အကူဖြစ်စေရန်နှင့် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရေးရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးခြင်းလုပ်ငန်းများကို မင်္ဂလာဒုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးကောင်းညွှန့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ကြိုင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးဝင်းကျော်ဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးယာယီရဲမှူး ဦးစိုးလင်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဋ္ဌာနမှ ဦးစီးမှူးဦးမြင့်သူအောင်၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှ လက်ထောက်အုပ်ချုပ်ရေးမှူး ဦးသိန်းမြင့်ထွန်း၊ သင်္ဃန်းကျွန်းကြီးရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးတို့မှရပ်ကွက်အတွင်းရှိ ပြည်သူများအား အိမ်ထောင်စု ၁ စုလျှင် ဆန်(၁)ပြည် ၁၇၀၀/-ကျပ်နှုန်း၊ ဆီ(၅၀)သား ၂၄၀၀/-ကျပ်နှုန်းနှင့် ကြက်ဥ(၁)လုံးလျှင် ၁၇၅/-ကျပ်နှုန်းဖြင့် စုစုပေါင်းအိမ်ထောင်စု(၂၂၀)စုခန့် ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။


သတင်း - မြတ်မွန်ခင် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)