နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံ (ခရိုင်အဆင့်) သင်တန်းဖွင့်ပွဲ အခမ်းအနား တက်ရောက်အမှာစကားပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံ (ခရိုင်အဆင့်) သင်တန်းဖွင့်ပွဲ အခမ်းအနား တက်ရောက်အမှာစကားပြောကြား




MNP - စက်တင်ဘာ   ၂၈


နေပြည်တော်ကောင်စီနယ်မြေအတွင်း တိုင်းအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီတွင် ပါဝင်သောဌာနများမှ တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများတွင် တက်ကြွစွာပါဝင်ဆောင်ရွက် လျက်ရှိသော ကြက်ခြေနီ၊ ပရဟိတအဖွဲ့များအနေဖြင့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးကို ပိုမိုနားလည် လာစေပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်စွမ်းရှိစေရန် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း (ခရိုင်အဆင့်) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုးက တက်ရောက်အမှာစကား ပြောကြားပြီး သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော် တိုင်းဦးစီးမှူး ဦးကျော်ကျော်ထွန်း က တိုင်းအဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီတွင် ပါဝင်သောဌာနများမှ တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ၊ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံကြက်ခြေနီနှင့် ပရဟိတအဖွဲ့အစည်းများအနေဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းများ တက်ရောက်ခြင်းဖြင့် အကျိုးကျေးဇူးများစွာ ရရှိမှာဖြစ်ပါကြောင်း၊ ၎င်းတို့ တာဝန်ထမ်းဆောင်ရာ ဒေသအသီးသီး၌ သဘာဝဘေးအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့လာပါက မိမိတို့ကိုယ်တိုင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကိစ္စရပ်များကို ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု သဘောတရားများကို ပိုမိုနားလည် သဘောပေါက်စေပြီး မိမိတို့ ဒေသအသီးသီးတွင် ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှု လျော့ချရေးနှင့် အသိပညာပေးလုပ်ငန်းများကို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်ပြီး ဘေးဒဏ်ကြံ့ကြံ့ခံနိုင်သည့် လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်လာစေရန် သင်တန်းပို့ချပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။


အဆိုပါ သင်တန်းကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးဖွင့်လှစ်ပေးခြင်းဖြစ်ပြီး တိုင်း၊ ခရိုင်နှင့် မြို့နယ်များရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် ပရဟိတအဖွဲ့တို့မှ သင်တန်းသား၊ သင်တန်းသူ (၃၀) ဦးတက်ရောက်ကြပြီး အဆိုပါ သင်တန်းကို စက်တင်ဘာလ (၂၇) ရက်နေ့မှ (၂၉) ရက်နေ့အထိ (၃) ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဝေါဟာရများ၊ စီမံခန့်ခွဲမှုအယူအဆနှင့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု၊ ရာသီဥတုပြောင်းလဲခြင်းနှင့် ယင်း၏ အကျိုးသက်ရောက်မှုများ၊ ထိခိုက်ခံရလွယ်မှု၊ ထိတွေ့နိုင်ခြေနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒများနှင့် ဖွဲ့စည်းဆောင်ရွက်မှု၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်သည့် သင်ခန်းစာများ၊ ရှေးဦးသူနာပြုစုနည်းများ၊ ကာကွယ်စောင့်ရှောက်မှုများကို အဖွဲ့လိုက်ဆွေးနွေးခြင်းများဖြင့် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)