ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မြောင်းမြမြို့ ညောင်ချောင်းလေးကျေးရွာရှိ စပါးခွံလောင်စာ တောင့်စက်ရုံဖွင့်ပွဲ အခမ်းအနား တက်ရောက်ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မြောင်းမြမြို့ ညောင်ချောင်းလေးကျေးရွာရှိ စပါးခွံလောင်စာ တောင့်စက်ရုံဖွင့်ပွဲ အခမ်းအနား တက်ရောက်ဖွင့်လှစ်



MNP - စက်တင်ဘာ   ၂၈


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ပိုးလောင်းကျေးရွာအုပ်စု၊ ညောင်ချောင်းလေး ကျေးရွာတွင် SSBE Myanmar Group Co.Ltd ၏ စပါးခွံလောင်စာတောင့်စက်ရုံဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။


စပါးခွံလောင်စာတောင့်စက်ရုံ ဖွင့်ပွဲအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ စီးပွားရေးရာဝန်ကြီး ဦးတင်အေး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ SSBE ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ မစ္စတာဖုန့်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီးနောက် ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် ဧရာဝတီတိုင်းဒေသကြီးတွင် နွေစပါးမိုးစပါး ဧက ငါးသန်းကျော်ရှိရာ စပါး တင်းသိန်းပေါင်း လေးထောင်ကျော်ထွက်ရာ စပါးခွံများ တောင်လိုပုံနေကြောင်း၊ ဘယ်မှမသုံးဘဲ၊ ထားစရာလည်း မရှိ၍  မီးရှို့ရတာတွေရှိကြောင်း၊ ယခု စပါးခွံတွေကို အကျိုးရှိအောင် အသုံးချ၍ ရပြီဖြစ်ကြောင်း၊  တကယ်အသုံးချနိုင်အောင် အကောင်အထည်ဖော်နိုင်ဖို့လိုကြောင်း၊ စပါးခွံ သာမက မြေပဲခွံများ ကိုလည်း လောင်စာတောင့်အဖြစ် ရောအသုံးချ၍ရကြောင်း၊ MSME ကို မိမိတို့ တိုင်းဒေသကြီးမှာရှိတဲ့ ကုန်ကြမ်း များဖြင့် လုပ်မှသာ ရေရှည်ဖွံ့ဖြိုးတိုးတက်မှာဖြစ် ကြောင်း၊ မိမိတိုင်းဒေသကြီး တွင် ကုန်ကြမ်းများစွာရှိကြောင်း၊ စပါးခွံမှ လောင်စာစွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အားရရှိအောင် ထုတ်နိုင်ကြောင်း သိရ၍ တိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများ  လျှပ်စစ်လိုအပ်မှုကို ဖြည့်ဆည်းပေးနိုင်ကြောင်း ပြောကြားသည်။ ထို့နောက်  SSBE ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ မစ္စတာဖုန့်က Power Point ဖြင့် စက်ရုံ၏ လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်း တင်ပြပြီးနောက် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် စက်ရုံအတွင်း လုပ်ငန်း ဆောင်ရွက်နေသည်များကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဆွေးနွေးလမ်းညွှန်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ မြောင်းမြခရိုင်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ SSBE ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။


ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မြောင်းမြ ပညာရေးဒီဂရီကောလိပ်တွင် ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး ဆန်၊ ဆီ၊ ကြက်ဥများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရ သည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)