တမူးမြို့တွင် "ကလေးအလုပ်သမားပပျောက်ရေး ပူးပေါင်းကာကွယ် စောင့်ရှောက်ပေး" မြေစိုက်ပိုစတာစိုက်ထူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တမူးမြို့တွင် "ကလေးအလုပ်သမားပပျောက်ရေး ပူးပေါင်းကာကွယ် စောင့်ရှောက်ပေး" မြေစိုက်ပိုစတာစိုက်ထူ



MNP - စက်တင်ဘာ   ၂၃


စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့ ဗိုလ်ချုပ်လမ်းမပေါ်ရှိ လွက်လပ်ရေး ပန်းခြံရှေ့တွင် ယမန်နေ့ မွန်းလွဲ (၁၂) နာရီခွဲအချိန်က "ကလေးအလုပ်သမားပပျောက်ရေး ပူးပေါင်းကာကွယ် စောင့်ရှောက်ပေး" မြေစိုက်ပိုစတာ စိုက်ထူခဲ့ကြောင်း သိရသည်။


အဆိုပါ မြေစိုက်ပိုစတာစိုက်ထူရာတွင် တမူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်အံ့မောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။


တမူးမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ လုပ်ငန်းတာဝန်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အဆင့် အလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီနှင့် လုပ်ငန်းဆပ်ကော်မတီ (၈) ခုဖွဲ့စည်း၍ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်း - ရတနာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)