MNP ၊ စက်တင်ဘာ ၂၃
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ပင်စင် လစာများ ထုတ်ပေးခြင်းကို မြို့နယ်မြန်မာ့စီးပွားရေးဘဏ်ခွဲရှိဝန် ထမ်းများက စက်တင်ဘာ ၂၁ ရက်နေ့မှစတင် နေ့ချင်းပြီးထုတ်ပေး လျက်ရှိကြောင်းသိရ သည်။
ဘီးလင်းမြို့နယ်တွင်အငြိမ်းစားဝန်ထမ်း ပင်စင်ထုတ်ယူသူ ၁၉၈၄ ဦးရှိပြီး အဆိုပါအငြိမ်းစားဝန်ထမ်း ပင်စင်စားများကို စက်တင်ဘာ ၂၁ ရက်နေ့မှ ၂၉ အထိထုတ်ပေးသွားမည့်ဖြစ်ပြီး သတ်မှတ်ရက်အတွင်းလာရောက် မထုတ် ယူနိုင်ခြင်းမရှိသူများကို အောက်တိုဘာ လအတွင်း ဆက်လက်ထုတ်ပေး သွားမည်ဖြစ်ကြောင်းသိရသည်။
ထူးနောင် (ဘီးလင်း)
https://t.me/MyanmarNationalPost
No comments:
Post a Comment