အမ်းမြို့နယ် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ခေါင်းစဉ်ဖြင့် ဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ခေါင်းစဉ်ဖြင့် ဟောပြောပွဲကျင်းပ


MNP ၊ စစ်တင်ဘာ ၂၃

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ခေါင်းစဉ်ဖြင့် ဟောပြောပွဲကို ယမန်နေ့ ညနေ ၄ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် အမ်းမြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ  ဦးစန်းဝင်းက ကျောင်းသားကျောင်းသူများအား လူကုန်ကူးမှုတိုက်ဖျက်ရေးသည် အမျိုးသားရေးတာဝန်ဖြစ်ကြောင်း၊ လူကုန်ကူးခြင်းဆိုသည်မှာ လူကိုကုန်ပစ္စည်းသဖွယ်သဘောထားကာ ခေါင်းပုံဖြတ်အမြတ်ထုတ်သည့် လုပ်ရပ်တစ်ခုဖြစ်၍  လူကုန်ကူးမှုဟူသမျှ ဝိုင်းဝန်းတိုက်ဖျက်ကြရန်လိုကြောင်း၊ လူကုန်ကူးခြင်းဆောင် ရွက်သည့်လုပ်ရပ်များဖြစ်သော လူစုဆောင်းခြင်း၊ တစ်နေရာမှတစ်နေရာသို့ပို့ဆောင်ခြင်း၊ လွဲပြောင်းခြင်း၊ လက်ခံခြင်းနှင့် ခေါင်းပုံဖြတ်ခံရသည့်အခြေအနေများဖြစ်သည့် လူတစ်ဦးတစ်ယောက်အား ပြည်တန် ဆာလုပ်ခိုင်းစေခြင်း၊ အခြားသောလုပ်ငန်းခွင်များ၊ လိင်မှုဆိုင်ရာ ခေါင်းပုံဖြတ်ခြင်း၊ လုပ်အားကိုခေါင်းပုံဖြတ်ခြင်း၊ကျွန်သဖွယ်ပြုကျင့်ခြင်း၊ လုပ်အားကိုသာမက ကိုယ်အင်ဂါအစိတ်အပိုင်းများကိုပါအကျိုးအမြတ်အတွက်ဖယ်ရှားအသုံးချခံရခြင်း အကြောင်း အရာများကိုဆွေးနွေးဟောပြောခဲ့ပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေး လက်ကမ်းစာစောင်အား လေ့လာဖတ်ရှု့နိုင်ရန် ဖြန့်ဝေပေးခဲ့သည်။

 ထို့ကြောင့် သေခံပြည်သူများ၊ ကျောင်းသားကျောင်းသူများအနေဖြင့် လူကုန်ကူးမှုတားဆီးကာကွယ်နိုင်ရန်  ဟောပြောပွဲများ၊ ဆွေးနွေးပွဲများ၊ သင်တန်းများ၊ ပိုစတာများ၊ လက်ကမ်းစာစောင်များ၊ ရေဒီယို၊ ရုပ်မြင်သံ ကြား၊ သတင်းစာ၊ ဂျာနယ်များမှတဆင့် ပညာပေးဇာတ်လမ်းများရိုက်ကူးထုတ်လွင့်ပေးလျက်ရှိကြောင်းသိရ

သည်။


စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)