မိုင်းငေါ့မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အသက်(၅)နှစ်မှအသက်(၉)နှစ်အထိ ကျောင်းသား/(၁၄၀)ဦးအား ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းငေါ့မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အသက်(၅)နှစ်မှအသက်(၉)နှစ်အထိ ကျောင်းသား/(၁၄၀)ဦးအား ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးထိုးနှံပေး



MNP - စက်တင်ဘာ  ၂၈


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊‌ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြိုတွင် ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့နံနက် (၉)နာရီအချိန်ခန့်က မိုင်းငေါ့မြို့ အခြေခံပညာအထက်တန်းကျောင်း ကျောက်စိမ်းခန်းမတွင် ကျန်းမာရေးဝန်ထမ်းများက  ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးလျက် ရှိသည်။


အဆိုပါ ဂျပန်ဦးနှောက်ရောင်ရောဂါသည် သွေးလွန်တုပ်ကွေးကဲ့သို့ ခြင်မှတစ်ဆင့် ကူးစက်တတ်သော ဗိုင်းရပ်စ်ရောဂါ တစ်မျိုးဖြစ်ပြီး ဦးနှောက်ရောင်ရမ်းမှု ကိုဖြစ်စေနိုင်ခြင်း၊ အသက်အန္တရာယ်စိုးရိမ်ရခြင်းတို့ကြောင့် ဂျပန်ဦးနှောက်ရောင်ရောဂါ ကင်းဝေးစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာ‌စွာ ပညာသင်ကြားနိုင်စေရန်ရည်ရွယ်၍ အသက် ၅ နှစ်မှ ၉ နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများအား ထိုးနှံပေးခြင်းပေးခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။


ကာကွယ်ဆေးထိုးနှံရာသို့ မြိုအုပ်ချုပ်ရေးမှူး ဦးကြည်စိုးအောင်နှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊တိုက်နယ်ကျန်းမာရေးဌာနမှ ဆရာမဒေါ်နန်းခင်မျိုးဦးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ အ.ထ.ကကျောင်းအုပ်ဆရာမကြီး ဒေါ်သီသီမြင့်နှင့်ဆရာ/ဆရာမများမှ ပူးပေါင်းကာဆောင်ရွက်ခဲ့ကြပြီး၊ ကျောင်းသား၊ကျောင်းသူ (၁၄၀) ဦးအား ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။


သတင်း - မြင့်သွယ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)