MNP - စက်တင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်မည့် (၁၆)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ခွေးနှင့်ကြောင်များအား ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပုသိမ်မြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင် ပြုလုပ်ခဲ့သည်။
ခွေးမှတစ်ဆင့် ကျန်ရှိခွေးများသို့ ခွေးရူးရောဂါ ကူးစက်ခြင်းမရှိစေရန်၊ တိရစ္ဆာန်မှတစ်ဆင့် လူသို့ ခွေးရူး ရောဂါကူးစက်မှုမဖြစ်စေရန်နှင့် "ခွေးရူးရောဂါကင်းစင် မြန်ပြည်တစ်ခွင် ၂၀၃၀ တွင်" ဆောင်ပုဒ်နှင့်အညီ သက္ကရာဇ် ၂၀၃၀ တွင် ခွေးရူးရောဂါ လျော့နည်း ပပျောက်သွားစေရန် ရည်ရွယ်၍ ခွေးနှင့်ကြောင်များကို ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ ထိုးနှံပေးခြင်းဖြစ်ပြီး စက်တင်ဘာလ ၂၇ ရက်နေ့မှ ၂၈ ရက်နေ့ထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ပုသိမ်မြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရှိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment