မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ပြေးခုန်ပစ်ပြိုင်ပွဲတွင် ပွင့်ဖြူမြို့နယ် ပြေးခုန်ပစ်အသင်းမှ အမျိုးသားအသင်းလိုက် ဒုတိယဆုနှင့် ရွှေ(၃)ဆု ၊ ငွေ(၁)ဆု ၊ ကြေး(၃)ဆု ဆွတ်ခူးရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ပြေးခုန်ပစ်ပြိုင်ပွဲတွင် ပွင့်ဖြူမြို့နယ် ပြေးခုန်ပစ်အသင်းမှ အမျိုးသားအသင်းလိုက် ဒုတိယဆုနှင့် ရွှေ(၃)ဆု ၊ ငွေ(၁)ဆု ၊ ကြေး(၃)ဆု ဆွတ်ခူးရရှိ

 

MNP - စက်တင်ဘာ   ၂၄


မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျင်းပပြုလုပ်သည့် ဝန်ကြီးချုပ်ဖလား အသက် (၁၈) နှစ်အောက် မြို့နယ်ပေါင်းစုံ အမျိုးသား/ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲတွင် ပွင့်ဖြူမြို့နယ် ပြေးခုန်ပစ်အသင်းမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အမျိုးသားအသင်းလိုက် ဒုတိယဆုနှင့် ရွှေ(၃)ဆု ၊ ငွေ(၁)ဆု ၊ ကြေး(၃)ဆုတို့ကို အသီးသီးဆွတ်ခူးရရှိခဲ့ကြောင်း အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပွင့်ဖြူမြို့နယ်အားကစားမှူး ဦးရန်လင်းအောင်ထံက သိရသည်။


အဆိုပါ အသက်(၁၈)နှစ်အောက် မြို့နယ်ပေါင်းစုံ အမျိုးသား/ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ကို တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး ၊ ပြည်သူတစ်ရပ်လုံး အားကစားကို စိတ်ပါဝင်စားလာစေရန်နှင့် လူငယ်လူရွယ်များ အားကစားကို ပိုမိုစိတ်ဝင်စားလာပြီး တိုင်းဒေသကြီးကိုယ်စားပြု ထူးချွန်ထက်မြက် သော အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်ပြီး မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့မှ စီစဉ်ကျင်းပ ပြုလုပ်ပေးခြင်းဖြစ်ကြောင်းသိရကာ ပြိုင်ပွဲတွင် အမျိုးသား/အမျိုးသမီး လှံတံ ပစ်ပြိုင်ပွဲ ၊ တန်းမြင့်ခုန်ပြိုင်ပွဲ ၊ အမျိုးသား/အမျိုးသမီး မီတာ ၄၀၀  ၊ ၁၅၀၀ ပြေးခုန်ပစ်ပြိုင်ပွဲ ၊ အမျိုးသား/ အမျိုးသမီး လက်ဆင့်ကမ်းအပြေးပြိုင်ပွဲတို့ကို ဝင်ရောက်ယှဉ်ပြိုင်စေခဲ့ပြီး တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်ပေါင်းစုံမှ အသင်းလိုက်အားကစားသမားများက အကြိတ်အနယ် အားပါးတရ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။


ယင်း ပြေးခုန်ပစ်အားကစားပြိုင်ပွဲတွင် ပွင့်ဖြူမြို့နယ်ပြေးခုန်ပစ်အသင်းမှ အမျိုးသား (၇) ဦးနှင့် အမျိုးသမီး (၇) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသားအသင်းလိုက် ဒုတိယဆုနှင့် ရွှေ(၃)ဆု ၊ ငွေ(၁)ဆု ၊ ကြေး(၃)ဆုတို့ကို အသီးသီးဆွတ်ခူးရရှိခဲ့ကြောင်း အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပွင့်ဖြူမြို့နယ်အားကစားမှူး ဦးရန်လင်းအောင်က ပြောကြားသည်။


သတင်း - လှိုင်ဝင်းလေး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)