စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာပညာရေးဒီဂရီကောလိပ် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း PPTT (၈/၂၀၂၂) သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုပွဲအခမ်းနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာပညာရေးဒီဂရီကောလိပ် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း PPTT (၈/၂၀၂၂) သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုပွဲအခမ်းနားတက်ရောက်

 


MNP - စက်တင်ဘာ  ၂၄


စစ်ကိုင်းတိုင်းဒေသကြီး မုံရွာပညာရေးဒီဂရီကောလိပ် လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း PPTT (၈/၂၀၂၂) သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် မုံရွာပညာရေး ဒီဂရီကောလိပ်ကျောင်းဝန်းအတွင်းရှိ ပဉ္စဗလ ဘက်စုံခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာနှင့် မုံရွာပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။


ရှေးဦးစွာ မုံရွာပညာရေးဒီဂရီကောလိပ်မှ သင်တန်းသူများက “မင်္ဂလာပါ” သီချင်းဖြင့် ကပြ ဖျော်ဖြေပြီး အခမ်းအနားကို ဖွင့်လှစ်ကြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်အနေဖြင့် ကျောင်းသားအရေအတွက်နှင့် ဆရာအင်အားအချိုး ညီစေရန်အတွက် ဆရာများ လေ့ကျင့်မွေးထုတ်ရေး၊ တိုးချဲ့ခန့်ထားရေး၊ ဆရာ၊ ဆရာမများ၏ လူမူဘဝ အဆင့်အတန်းမြင့်မားရေးတို့အတွက် အစီအမံများချမှတ်၍ အလေးထား ဆောင်ရွက် လျက်ရှိပါကြောင်း၊ နိုင်ငံတော်အတွက် ထူးချွန်ထက်မြတ်သည့် အနာဂတ်မျိုးဆက်သစ်များ ပေါ်ထွန်းလာရေးသည် လက်ဦးဆရာ၊ ဆရာမများ၏ အရည်အသွေးနှင့် စွမ်းဆောင်ရည်ပေါ်တွင် မူတည်ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့်လည်း အစဉ်ပြောင်းလဲတိုး တက်နေသည့် ပညာရေးကို မျက်ခြေမပြတ်စေရန် အစဉ်လေ့လာသင်ယူနေရမှာ ဖြစ်ပါကြောင်း၊ 


သင်တန်းကာလအတွင်း သင်တန်းသား၊ သင်တန်းသူများအနေဖြင့် အကျင့်စာရိတ္တ မြင့်မားပြီး လက်တွေ့လူမူဘဝတွင် ထူးချွန်ထက်မြတ်သော သင်ကြားမှုအရည်အသွေး မြင့်မားသည့် ဆရာ ကောင်း၊ ဆရာမွန်များဖြစ်လာစေရန်အတွက် ပညာရေးဘာသာရပ်များ၊ ဘာသာရပ်အသီးသီး၏ သင်ပြနည်းများ၊ ကာယပညာ၊ အနုပညာ၊ စက်မှုလက်မှု၊ စိုက်ပျိုးရေး၊ အိမ်တွင်းမှုစသည့် ဘက်စုံပညာများကို စာတွေ့လက်တွေ့ လေ့ကျင့်သင်ယူကြရမှာ ဖြစ်ပါကြောင်း၊  ဆရာကောင်း တစ်ဦးမှ သင်ကြားလေ့ကျင့်မွေးမြူပေးလိုက်သော တပည့်အပေါင်းသည် အရွယ်ရောက်၍ ဘဝခရီးကို လျှောက်လှမ်းရာတွင်ဖြောင့်တန်းပြီး မြင့်မြင့်မားမား ဝံ့ဝံ့ကြွားကြွား လျှောက်လှမ်း ရပ်တည် နိုင်မှာဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများကလည်း မိမိတို့တာဝန်ကျရာ နေရာဒေသ အသီးသီး၏ လူ့အဖွဲ့အစည်းများတွင် သင်ကြားရေးသာမကပဲ ဒေသဖွံ့ဖြိုးရေးအတွက်ပါ ဦးဆောင်နိုင်သူများဖြစ်ရန် တိုက်တွန်းမှာကြားလိုပါကြောင်း ပြောကြားခဲ့သည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မုံရွာပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမ ကြီးထံ ငွေကျပ် ၅ သိန်းအား လည်းကောင်း၊ တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးအေးလိူင်က သင်တန်းသား၊ သင်တန်းသူများအတွက် ငွေကျပ်  ၅ သိန်းတို့အား ပေးအပ်ခဲ့ကြပြီး ကျောင်းအုပ် ဆရာမကြီး ဒေါ်မင်းမင်းသိမ့်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားကာ သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြား သည်။


ဆက်လက်ပြီး မုံရွာပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား၊ ကျောင်းသူများက “ပန်းကလေး များရဲ့ဥယျာဉ်မှူး” အကဖြင့်လည်းကောင်း၊ “နှလုံသားကိုအလှဆင်ပါ” သီချင်း ဖြင့်လည်း ကောင်း၊ “ထာဝရမြန်မာ” အကများဖြင့် ပြန်လည်ဖျော်ဖြေကြပြီး အခမ်းအနားကို ရုပ်သိမ်း ခဲ့သည်။


ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်း သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးခဲ့ကြသည်။ အဆိုပါ မုံရွာပညာရေး ဒီဂရီကောလိပ် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း PPTT (၈/၂၀၂၂) သင်တန်းသို့ သင်တန်းသား (၁၇) ဦး၊ သင်တန်းသူ(၃၅၀)ဦး စုစုပေါင်း (၃၆၇)ဦး တက်ရောက် ကြပြီး သင်တန်းကာလရက်သတ္တပတ် ၈ ပတ်အကြာ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေး သွားမည် ဖြစ်ကြောင်းသိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)