ရွှေသောင်ယံမြို့၊ အမှတ်(၂)ရပ်ကွက် အသောကာရာမ ဘုန်းတော်ကြီးကျောင်းတိုက်ဓမ္မာရုံတွင် အပိုဆောင်း (Booster)ကာကွယ်ဆေးများထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေသောင်ယံမြို့၊ အမှတ်(၂)ရပ်ကွက် အသောကာရာမ ဘုန်းတော်ကြီးကျောင်းတိုက်ဓမ္မာရုံတွင် အပိုဆောင်း (Booster)ကာကွယ်ဆေးများထိုးနှံ



MNP - စက်တင်ဘာ   ၂၈


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အမှတ်(၂)ရပ်ကွက်၊ အသောကာရာမ ဘုန်း‌တော်ကြီး ကျောင်းတိုက်ဓမ္မာရုံတွင် ယနေ့ နံနက်(၉)နာရီက သံဃာတော်များနှင့် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ (Booster) ထပ်ဆောင်းကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိသည်။


(Booster)ထပ်ဆောင်း ကာကွယ်ဆေးများ ထိုးနှံပေးခြင်းဖြင့် ပြည်သူများကြား ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုထိန်းချုပ်နိုင်စေရေးနှင့် ကိုဗစ်-၁၉ ရောဂါကြောင့် ဖြစ်ပေါ်သော ဆိုးကျိုးများ မခံစားရစေရန် ရည်ရွယ် ကြောင်း သိရသည်။


အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးများ (Booster) ထပ်ဆောင်းထိုးနှံရာသို့ ရွှေသောင်ယံမြို့၊ စီမံအုပ်ချုပ်ရေး အဖွဲ့မှ ကြီးကြပ်ကာ ရွှေသောင်ယံမြို့ သဘော့ကန်ကျေးလက်ကျန်းမာရေးဌာန အောက်ရှိ ကျန်းမာရေးဝန်ထမ်း များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


သတင်း- ရွှေသောင်ယံ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)