ကျောက်ဖြူမြို့ရှိ အခြေခံပညာကျောင်းများတွင် အသက်(၅)နှစ်မှ အသက်(၉)နှစ်ထိ ကျောင်းသား/ကျောင်းသူများအား ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့ရှိ အခြေခံပညာကျောင်းများတွင် အသက်(၅)နှစ်မှ အသက်(၉)နှစ်ထိ ကျောင်းသား/ကျောင်းသူများအား ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ

 




MNP ၊  စက်တင်ဘာ ၂၈

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) မြို့မကျောင်းတွင် အသက်(၅)နှစ်မှ အသက်(၉)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ဂျပန် ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့၊ နံနက် (၁၁) နာရီအချိန်မှစ၍ ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီဆောင်ရွက်ပေးလျက်ရှိသည်။


ရှေးဦးစွာ ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများအား ကိုယ်အလေးချိန်တိုင်းတာပေး ခြင်း၊ ကျောင်းသား၊သူများ၏ အမည်နှင့်မိဘအုပ်ထိန်းသူ စာရင်းများထည့်သွင်းခြင်းများ ဆောင်ရွက်ပေး ခဲ့ကြပြီး မြို့နယ်ကျန်းမာရေးမှူး ဒေါ်စန်းစန်းနွယ် ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ဂျပန် ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည်။ အဆိုပါ ဂျပန်ဦးနှောက်ရောင်ရောဂါသည် ခြင်မှတစ်ဆင့် ကူးစက်တတ်သော ဗိုင်းရပ်စ်ရောဂါပိုးတစ်မျိုးဖြစ်ပြီး အသက်အန္တရာယ်စိုးရိမ်ရသည့် အတွက် ကျောင်းသား၊ ကျောင်းသူများအား ဂျပန်ဦးနှောက်ရောင်ရောဂါမှ ကင်းဝေးစေရန်အတွက် စီမံချက်များရေးဆွဲ၍ ထိုးနှံပေးလျက်ရှိသည်။


ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးအား ကျောက်ဖြူမြို့ပေါ်ရပ်ကွက်များရှိ အ.ထ.က(၃)၊ အ.လ.က(လေ့ကျင့်ရေးကျောင်း)၊ အ.မ.က(မူလွန်)(စေတီတောင်)၊ အ.မ.က(အောက်ရွာ)၊ အ.မ.က (မူလွန်) ကညင်တောကျောင်း၊ အ.မ.က(မူလွန်)(ငလပွေ့)များရှိ ကျောင်းသား၊ကျောင်းသူ (၄၅၀)ဦးအား လည်းကောင်း၊ အ.ထ.က(ခွဲ) မြို့မကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ ၂၂၉ ဦးတို့အား ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း မြို့နယ်ကျန်းမာ ရေးမှူးထံမှ သိရသည်။


ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)