အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊‌ တောင်တွင်းကြီးတပ်နယ်မှ အခြေခံစားသောက်ကုန်နှင့် အသားငါးများ၊ ဟင်းသီးဟင်းရွက်များအား ဈေးနူန်းသက်သာစွာဖြင့် ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊‌ တောင်တွင်းကြီးတပ်နယ်မှ အခြေခံစားသောက်ကုန်နှင့် အသားငါးများ၊ ဟင်းသီးဟင်းရွက်များအား ဈေးနူန်းသက်သာစွာဖြင့် ရောင်းချပေး

 



MNP - စက်တင်ဘာ   ၂၈


မကွေးတိုင်းဒေသကြီး၊‌‌ တောင်တွင်းကြီးမြို့၊‌ ဆုတောင်းပြည့်ဘုရားရှေ့တွင် ယနေ့နံနက် (၇) နာရီအချိန်မှစတင်၍ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တောင်တွင်းကြီးတပ်နယ်မှ ပြည်သူလူထု စားဝတ်နေရေးအဆင်ပြေမူရှိစေရေးအတွက် အခြေခံစား‌သောက်ကုန်နှင့် အသားငါးများ၊ ဟင်းသီးဟင်းရွက်များအား ဈေးနူန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။


ထိုသို့ရောင်းချပေးရာတွင် ဆန်(၁)ပြီ ၁၅၀၀ ကျပ်၊ ဆီ (၅၀)သား ၂၈၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ ၁၆၀၀ ကျပ်၊ ငါးတစ်ပိဿာ ၅၀၀၀ ကျပ်၊ အမဲသားတစ်ပိဿာ ၈၀၀၀ ကျပ်၊ ကြက်ဥငါးလုံး ၉၀၀ ကျပ်၊ ခရမ်းချဉ်သီး (၅၀)သား ၈၀၀ ကျပ်၊ ငရုတ်သီးစိမ်း (၅၀) သား ၆၀၀ ကျပ်နှုန်းဖြင့် ဈေးနူန်းသက်သာစွာ ရောင်းချပေးခဲ့ပြီး ကြက်သွန်ဖြူ၊ အာလူး၊ ဗူးသီး၊ ဂေါ် ဖီ၊ ချဉ်ပေါင်ရွက်၊ ကန်စွန်းရွက်၊ ခရမ်းသီး စသည့်ကုန်ပစ္စည်းများလည်း ပါဝင်ကြောင်း သိရသည်။


အဆိုပါအခြေခံစားသောက်ကုန်နှင့် အသားငါးများ၊ ဟင်းသီးဟင်းရွက်များအား မြို့ပေါ်(၁၀)ရပ်ကွက်နှင့်‌ ကျေးရွာများမှပြည်သူများ လွတ်လပ်စွာဖြင့် ဝယ်ယူလျှက်ရှိရာ နယ်‌မြေခံတပ်မှူး ဗိုလ်မှူးကြီး ကျော်သန်းဆွေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့်အဖွဲ့ဝင်များက ကြည့်ရှုကာ လိုအပ်သည်များကို ကူညီဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)