ပုဏ္ဏားကျွန်းမြို့နယ်၌ MCCT အကျိုးခံစားခွင့်ရှိသူများအား (တတိယအကြိမ်) ထောက်ပံ့ငွေများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့နယ်၌ MCCT အကျိုးခံစားခွင့်ရှိသူများအား (တတိယအကြိမ်) ထောက်ပံ့ငွေများပေးအပ်






MNP ၊ စက်တင်ဘာ ၂၈

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ(၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ်(ဧပြီ၊ မေ၊ ဇွန်)လများအတွက် မြို့နယ်အတွင်း MCCT အကျိုးခံစားခွင့် ရရှိသည့် ကိုယ်ဝန်ဆောင်မိခင်များနှင့်အသက် (၂)နှစ်အောက် ကလေးငယ်များအား(တတိယအကြိမ်) ထောက်ပံ့ငွေများပေးအပ်ခြင်း အစီအစဉ်ကို ယမန်နေ့၊ နေ့လည်(၁)နာရီက ပုဏ္ဏားကျွန်းမြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမတွင် ပေးအပ်ခဲ့သည်။


ထိုသို့ထောက်ပံ့ငွေများပေးအပ်ရာတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ထုတ်ပေးထား သည့် MCCT အကျိုးခံစားခွင့်ရရှိသူများအတွက် ကိုယ်ရေးအချက်အလက်ပုံစံ ဖြည့်စွက်ရမည့် အကြောင်းအရာတို့အား ရှင်းလင်းပြောကြားပြီး၊ တတိယအကြိမ် MCCT အကျိုးခံစားခွင့်ရရှိ သည့် ကျေးရွာအုပ်စု(၂၉)အုပ်စုမှ ကိုယ်ဝန်ဆောင်မိခင် ၅၃၀ ဦး၊ ကလေးငယ် ၂၀၀၅ ဦး၊ အတွက် ထောက်ပံ့ငွေကျပ် ( ၁၁၀,၆၄၀၀၀ဝိ/)ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှရွှေက သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးခဲ့သည်။


ပုဏ္ဏားကျွန်းမြို့နယ်၌ (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ်၊ ပထမ(၃)လပတ်အတွက် MCCT အကျိုးခံစားခွင့်ရရှိသည့် ကိုယ်ဝန်ဆောင်မိခင် ၁၅၀၀ ဦး၊ အသက်(၂)နှစ်အောက် ကလေးငယ် ၅၆၁၂ ဦး၊ စုစုပေါင်း MCCT အကျိုးခံစားခွင့်ရရှိသူ (၇၁၁၂)ဦးတို့ကို ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီးဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးရဲမင်းဇံထံမှ သိရသည်။


နီထွန်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)