အမေရိကန်နိုင်ငံ လော့စ်အိန်ဂျယ်လိစ်မြို့ ရှိ ပါရမီဘုန်းတော်ကြီးကျောင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဆရာတော်အရှင်ပညာ ဒီပက ပြည်တွင်း၊ ပြည်ပ မြန်မာများအား အသိပေးချက်ထုတ်ပြန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျယ်လိစ်မြို့ ရှိ ပါရမီဘုန်းတော်ကြီးကျောင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဆရာတော်အရှင်ပညာ ဒီပက ပြည်တွင်း၊ ပြည်ပ မြန်မာများအား အသိပေးချက်ထုတ်ပြန်






MNP ၊ စက်တင်ဘာ ၂၄

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျယ်လိစ်မြို့ ရှိ ပါရမီဘုန်းတော်ကြီးကျောင်း ဖြစ်စဉ်နှင့် ပတ်သက်၍ ဆရာတော်အရှင်ပညာဒီပ က ပြည်တွင်း ပြည်ပ မြန်မာများအား သိရှိစေရန် အသိပေးထုတ်ပြန်ချက်များ ထုတ်ပြန်ထားသည်။


ဆရာတော်၏ အသိပေးထုတ်ပြန်ချက်များတွင် ပါရမီဘုန်းတော်ကြီးကျောင်းသည် မျိုးဆက်သစ်ကလေးသူငယ်များနှင့် ထေရဝါဒဗုဒ္ဓဘာသာ အနာဂတ်ကို ချိတ်ဆက်ရန် ပစ္စုပ္ပန်အချိန်တွင် မြန်မာ့အခြေခံတန်ဖိုးများဖြစ်သည့် အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ လုပ်ငန်းစဉ်များကို အမေရိကန်ဥပဒေ 501(c)(3) နှင့်အညီ ဆရာ ဒကာ ညီညာလက်တွဲကာ ဆောင်ရွက်လာခဲ့သည်မှာ (၁၇)နှစ် ရှိပြီဖြစ်ကြောင်း၊ ပါရမီဘုန်းတော်ကြီးကျောင်းကို ဦးစီးတည်ထောင်သူ ကျောင်းထိုင်ဆရာတော်နှင့်အတူ ပါဝင်၍ နှစ်ပေါင်းများစွာ ပါရမီကုသိုလ် ဖြည့်ဆည်းနေကြသည့် ဒကာ၊ ဒကာမ အများစုသည် ကမ္မဿကတာ သမ္မာဒိဋ္ဌိ ဗုဒ္ဓဘာသာများပီပီ ပုဂ္ဂလိကလွတ်လပ်ခွင့်နှင့် အဖွဲ့အစည်းဆိုင်ရာ လုပ်ငန်းစဉ်သဘောတရားများကို ဥပဒေနှင့်အညီ ခွဲခြားနားလည် လက်ခံထားသူများဖြစ်ကြောင်း၊ ဆိုရှယ်မီဒီယာတွင် ထွက်ပေါ်နေသော ကောလဟာလသတင်းများသည် ပါရမီကျောင်းထိုင်ဆရာတော်၏ ဘွဲ့အမည်လည်းမဟုတ် ဘွဲ့အမည်နှင့်လည်း လုံးဝ (လုံးဝ) သက်ဆိုင်ခြင်း မရှိကြောင်း အိသပေး ထုတ်ပြန်ထားသည်။

ကျောင်းတိုက်တွင် ဖြစ်ပေါ်နေသောကိစ္စနှင့် ပတ်သက်၍ ဒကာမ တစ်ဦးက "အဓိကတော့ ဆရာတော်ကို ပြဿနာ ရှာလာကြတာပေါ့။ တခြားဘုန်းတော်ကြီးကျောင်းတွေမှာက နိုင်ငံရေးအခမ်းအနားတွေကို လက်ခံတယ်။ ဆရာတော်က ကြတော့ အမျိုး ဘာသာ သာသနာအတွက်ပဲ လုပ်တယ်။ နိုင်ငံရေးအခမ်းအနားမျိုးတွေ လက်မခံတဲ့အခါကြတော့ ဆရာတော်ကို ဖယ်ထုတ်ချင်တဲ့ ရည်ရွယ်ချက်မျိုးနဲ့ လုပ်လာကြတာပါ။ သက်ဆိုင်ရာ ကောင်စစ်ဝန်ရုံးကလည်း လာရောက်စစ်ဆေးဆောင်ရွက်ပေးခဲ့တာ ရှိပါတယ်။" ဟု မြန်မာနေရှင်ပို့စ်သို့ ပြောသည်။

လော့စ်အိန်ဂျယ်လိစ်မြို့ ရှိ မြန်မာနိုင်ငံတော်ကောင်စစ်ဝန်ရုံးက အဆိုပါ ကျောင်းဖြစ်စဉ်နှင့် ပတ်သက်၍ သွားရောက်တွေ့ဆုံပြီး အသိပေးမေတ္တာရပ်ခံချက် ထုတ်ပြန်ထားရာ "ကောင်စစ်ဝန်ချုပ်နှင့် တာဝန်ရှိသူများသည် မြန်မာနိုင်ငံသားဖြစ်သည့် ပါရမီဗုဒ္ဓဝိဟာရကျောင်းတိုက် ဆရာတော်အရှင်ပညာဒီပနှင့် သွားရောက်တွေ့ဆုံခဲ့ကြောင်း၊ တစ်ဖက်သတ် နားထောင်ဆွေးနွေး ပြောကြားခြင်းမျိုး မဖြစ်စေရေးအတွက် ဆရာတော်အား ဝိနည်းနှင့်မညီကြောင်း အငြင်းပွားနေသည့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့မှ တာဝန်ရှိသူများကို လာရောက်ဆွေးနွေးရန် ဖိတ်ခေါ်သော်လည်း အကျိုးတော်ဆောင်အဖွဲ့မှ တစ်ဦးတစ်ယောက်မျှ လာရောက်ခြင်းမရှိကြောင်း၊ ကောင်စစ်ဝန်ရုံးအနေဖြင့် ဆရာတော်အရှင်ပညာဒီပအား ဝိနည်းနှင့် ညီ/မညီ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့၏ ပြောကြားမှုများ မှန်ကန်မှု ရှိ/မရှိ အပေါ် မည်သို့မျှ ကြားဝင်ရန် မရှိကြောင်း၊ ဝိနည်းနှင့် ညီ/ မညီ မြန်မာနိုင်ငံရှိ အကျင့်သီလ၊ သိက္ခာ၊ သမာဓိ၊ ပညာနှင့် ပြည့်စုံသည့် ဆရာတော်ကြီးများ ဦးဆောင်သည့် သံဃာအဖွဲ့အစည်းထံ နည်းမှန်လမ်းမှန် တိုင်ကြားလိုပါက ဆက်လက်တင်ပြပေးသွားမည်ဖြစ်ကြောင်း၊ မလိုလားအပ်သော ကိစ္စရပ်များဖြစ်ပေါ်မလာစေရေးအတွက် အသိ၊ သတိဖြင့် ဆင်ခြင်သွားကြရန် ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

ဆရာတော်အရှင်ပညာဒီပ၏ အသိပေးထုတ်ပြန်ချက်တွင် ပါရမီဘုန်းတော်ကြီးကျောင်းကို ဦးစီးတည်ထောင်သူ ဆရာတော်တစ်ပါးအနေဖြင့်လည်းကောင်း၊ ပါရမီဘုန်းတော်ကြီးကျောင်းအား မျိုးဆက်သစ်ဗုဒ္ဓဘာသာများဖြင့် စည်ကားတိုးတက်လာအောင် ၂၀၀၅ခုနှစ်ကတည်းက ယနေ့အထိ ဦးဆောင်မှုပေးရာတွင်လည်းကောင်း၊ ဘာသာ သာသနာ စာပေ ယဉ်ကျေးမှု အစီအစဉ်များကို စီစဉ် ညွှန်ကြား သင်ကြား ပို့ချ ဟောပြောဖြန့်ဖြူးရာတွင်လည်းကောင်း မည်သူ တစ်ဦးတစ်ယောက်၏ ခွင့်ပြုချက်ကိုမှ တောင်းဆိုရန် မလိုအပ်ကြောင်း ပြောဆိုထားသည်။

ပါရမီဗုဒ္ဓဝိဟာရ facebook စာမျက်နှာကို ဂေါပကအဖွဲ့က ထိန်းချုပ်ထားပြီး ဆရာတော်အား ရေးသားစော်ကား ပြောဆိုမှုများ လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)