ပြည်သူလူထု၊ တပ်မတော်နှင့် ရဲတပ်ဖွဲ့များကို ထိခိုက်မှုများရှိလာမည်ဆိုပါက လက်တွေ့ ကျသည့်တုန့်ပြန်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်သူလူထု၊ တပ်မတော်နှင့် ရဲတပ်ဖွဲ့များကို ထိခိုက်မှုများရှိလာမည်ဆိုပါက လက်တွေ့ ကျသည့်တုန့်ပြန်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ပြောကြား



MNP ၊ စက်တင်ဘာ ၂၈

ယမန်နေ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး(၈/၂၀၂၂)ကို ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားခဲ့ရာ  ပြည်သူလူထု၊ တပ်မတော်နှင့် ရဲတပ်ဖွဲ့များကို ထိခိုက်မှုများရှိလာမည်ဆိုပါက လက်တွေ့ ကျသည့်တုန့်ပြန်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်း ပြောကြားသွားသည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က နိုင်ငံရေး အရတည်ငြိမ်အေးချမ်းမှုအတွက် နိုင်ငံရေးပါတီများကိုလည်း နိုင်ငံရေးအရ လှုံ့ဆော်မှုများ ပြုလုပ်ခြင်းမှလွဲ၍ ပါတီတွင်းတွေ့ဆုံမှုများ အပါအဝင် အခြားအုပ်ချုပ်မှုကိစ္စရပ်များ ဆောင်ရွက်ခြင်းကို ခွင့်ပြုပေးထားကြောင်း၊ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံ ဆွေးနွေးမှုများကိုဆောင်ရွက်၍ ရွေးကောက်ပွဲဥပဒေပြင်ဆင်ရေးကဏ္ဍနှင့် နိုင်ငံရေး ဆိုင်ရာကိစ္စရပ်များကို ဆွေနွေးဆောင်ရွက်လျက်ရှိကြောင်း၊ အခြေခံဥပဒေပြင်ဆင်ရေး နှင့် ပတ်သက်၍ပါတီများဘက်မှ အဆိုပြုချက်များလည်းရှိကြောင်း၊ အလားတူ တပ်မတော်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးရရှိရေး တွေ့ဆုံဆွေးနွေးနေမှုများ ရှိကြောင်း၊ ထိုသို့ဆောင်ရွက်နေခြင်းမှာ နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှုရရှိရန် ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်ပြီး နောင်လာမည့်လွှတ်တော် သက်တမ်းတွင် နိုင်ငံရေးပါတီများနှင့်တွေ့ဆုံဆွေးနွေးခဲ့သည့် သဘောတူညီချက်များ နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် သဘောတူညီ ချက်များကိုပေါင်းစပ်၍ လွှတ်တော်တွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက် နိုင်မည်ဆိုပါက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ပိုမိုလျှင်မြန်စေမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသွားသည်။


လုံခြုံရေးနှင့်ပတ်သက်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပစ်ခတ်တိုက် ခိုက်မှုများ မဖြစ်စေရေး တတ်နိုင်သမျှ ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များ ထိခိုက်မှုမရှိစေရေး တပ်မတော်မှ ထိန်းသိမ်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက် ခိုင်မာသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ လက်တွေ့နယ်ပယ်၌ PDF များနှင့် ဆက်နွယ်နေသည့် EAO အဖွဲ့များတွင် ထိခိုက်မှုများ များပြားလျက်ရှိကြောင်း၊ အဆိုပါ ထိတွေ့တိုက်ခိုက်မှုဖြစ်ပွားသည့် ဒေသများထိခိုက်ဆုံးရှုံးမှုများ ပိုမိုများပြားကြောင်း၊ ပြည်သူလူထု၊ တပ်မတော်နှင့် ရဲတပ်ဖွဲ့များကို ထိခိုက်မှုများရှိလာမည်ဆိုပါက လက်တွေ့ ကျသည့်တုန့်ပြန်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ပြောဆိုထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)