SIM Card များတွင် အချက်အလက်များအား မှန်ကန်စွာ ဖြည့်စွက်ထားခြင်း မရှိကြောင်း စိစစ်တွေ့ရှိရပါက အဆိုပါ SIM Card များကို အပြီးပိတ်သိမ်းသွားမည် ဖြစ်ပါကြောင်းနှင့် ပိတ်သိမ်း SIM Card များရှိ လက်ကျန်ငွေများအား ပြည့်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

SIM Card များတွင် အချက်အလက်များအား မှန်ကန်စွာ ဖြည့်စွက်ထားခြင်း မရှိကြောင်း စိစစ်တွေ့ရှိရပါက အဆိုပါ SIM Card များကို အပြီးပိတ်သိမ်းသွားမည် ဖြစ်ပါကြောင်းနှင့် ပိတ်သိမ်း SIM Card များရှိ လက်ကျန်ငွေများအား ပြည့်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ



MNP ၊ စက်တင်ဘာ ၁၉

SIM Card များ စနစ်တကျ ဝယ်ယူအသုံးပြုနိုင်ရေးနှင့် မှန်ကန်စွာမှတ်ပုံတင် သုံးစွဲနိုင်ရေး အတွက် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန အသိပေးကြေညာချက်ကို ယနေ့ ထုတ်ပြန်ကြေညာထားရာ SIM Card များတွင် အချက်အလက်များအား မှန်ကန်စွာ ဖြည့်စွက်ထားခြင်း မရှိကြောင်း စိစစ်တွေ့ရှိရပါက အဆိုပါ SIM Card များကို အပြီးပိတ်သိမ်းသွားမည် ဖြစ်ပါကြောင်းနှင့် ပိတ်သိမ်း SIM Card များရှိ လက်ကျန်ငွေများအား ပြည့်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။


အဆိုပါထုတ်ပြန်ချက်တွင် "ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ စိစစ်ချက်များအရ SIM Card အသုံးပြုသူအချို့သည် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် စသည့်အချက်အလက်များကို မှန်ကန်စွာ ဖြည့်စွက်ခြင်းမရှိဘဲ အသုံးပြုလျက်ရှိနေကြသည်ကို တွေ့ရှိနေရပါကြောင်း၊  ယခုအခါ SIM Card မှတ်ပုံတင်ပြုလုပ်ရာတွင် ဖြည့်စွက်ထားသည့် အမည်၊ နိုင်ငံသား စိစစ်ရေးကတ်ပြားအမှတ်တို့အား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ e-ID Database အချက်အလက်များဖြင့် တိုက်ဆိုင်စစ်ဆေးသွားမည် ဖြစ်သည့်အတွက် သုံးစွဲသူ အများပြည်သူများအနေဖြင့် SIM Card များ ဝယ်ယူအသုံးပြုရာတွင် မိမိတို့၏မှတ်ပုံတင် (မူရင်း)ဖြင့် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် တို့ကို မှန်ကန်စွာဖြည့်စွက်၍ စနစ်တကျ မှတ်ပုံတင်နိုင်ပြီးမှသာ အသုံးပြုကြရန်နှင့်လက်ရှိအသုံးပြုနေသည့် SIM Card များတွင် အချက်အလက်များအား မှန်ကန်စွာ ဖြည့်စွက်ထားခြင်း မရှိကြောင်း စိစစ်တွေ့ရှိရပါက အဆိုပါ SIM Card များကို အပြီးပိတ်သိမ်းသွားမည် ဖြစ်ပါကြောင်းနှင့် ပိတ်သိမ်း SIM Card များရှိ လက်ကျန်ငွေများအား ပြည့်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမည်ဖြစ်ကြောင်း အသိပေးဖော်ပြထားသည်။


ထုတ်ပြန်ကြေညာချက်တွင် ဆက်သွယ်ရေးအော်ပရေတာများနှင့် SIM Card ရောင်းချသူများအနေဖြင့်လည်း SIM Card များ ရောင်းချရာတွင်လည်းကောင်း၊ အချက်အလက်များ မှန်ကန်စွာပြန်လည်ပြင်ဆင် မှတ်ပုံတင်ရာတွင် လည်းကောင်း ညွှန်ကြားချက်များနှင့်အညီ စနစ်တကျဆောင်ရွက်သွားရန်နှင့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းမရှိပါက လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖော်ပြပါရှိသည်။


သုံးစွဲသူ အများပြည်သူများအနေဖြင့် SIM Card များ ဝယ်ယူအသုံးပြုရာတွင် မိမိတို့၏ အချက်အလက်များကို မှန်ကန်စွာဖြည့်စွက်၍ မှတ်ပုံတင်ဝယ်ယူသုံးစွဲကြပါရန်နှင့် လက်ရှိအသုံးပြုလျက်ရှိသော SIM Card များကိုလည်း အချက်အလက် မှန်ကန်စွာ မှတ်ပုံတင်ထားခြင်း ရှိ/မရှိ ပြန်လည်စစ်ဆေး၍၊ မမှန်ကန်ပါက မိမိတို့ အမှန်တကယ် သုံးစွဲနေသော SIM Card များကို ပိတ်သိမ်းခံရမှု မရှိစေရေးအတွက် သက်ဆိုင်ရာ မိုဘိုင်း အော်ပရေတာများ၏ Online ဝန်ဆောင်မှုဖြင့်လည်းကောင်း၊ အရောင်းဆိုင်များ၊ Mobile Shop များတွင်လည်းကောင်း အချက်အလက်မှန်ကန်စွာဖြင့် အချိန်မီပြန်လည်ပြင်ဆင် မှတ်ပုံတင်၍ သုံးစွဲကြပါရန် အသိပေးကြေညာထားခြင်းဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)