စဉ့်ကိုင်မြို့နယ်၊ သင်္ဂတုန်ကျေးရွာတွင် ဖယောင်းဖျာယက်လုပ်ခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကိုင်မြို့နယ်၊ သင်္ဂတုန်ကျေးရွာတွင် ဖယောင်းဖျာယက်လုပ်ခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ



MNP - အောက်တိုဘာ   ၂၂


နွေရာသီတွင်အေးမြ၍ ယခုလိုဆောင်းရာသီတွင် နွေးထွေးမှုကိုရရှိပြီး  ကျန်းမာရေးနှင့်လည်းညီညွတ် ဈေးနှုန်းလည်း သက်သာသည့်အတွက် အညာဒေသရှိအိမ်တိုင်း၌ မရှိမဖြစ်လိုအပ်သည့် ဖယောင်းဖျာများကို  မန္တလေးတိုင်းဒေသကြီး၊   ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ သင်္ဂတုန်ကျေးရွာတွင် တစ်ရွာလုံးနီးပါး ဖယောင်းဖျာယက်လုပ်ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိပြီး စီးပွားရေး အဆင်ပြေလျက်ရှိကြောင်းသိရသည်။


ဖယောင်းဖျာယက်လုပ်ရန်ကုန်ကြမ်းအဖြစ် ကံကြီးကျေးရွာ၌ အလေ့ကျပေါက်သည့် ဖယောင်းပင်များကို သွားရောက်ခုတ်ယူပြီး (၅)ရက်လောက်နေလှန်း၍ ယက်ခါနီးတွင် ရေခဏစိမ်ပြီးမှသာ ယက်လုပ်ရကြောင်း   ပလပ်စတစ်ကြိုးကို စက်နှင့်တန်းယက်ပြီး လက်ယက်ခုံတွင်တန်းကာ ဖယောင်းများကို လှပအောင်အရောင်လေးများဖြင့်  အကွက်ဖော်ဆင်ယင်ယက်လုပ်ရကြောင်း သိရသည်။


ဖယောင်းဖျာတစ်ချပ်လျှင် အလျား(၆)ပေ၊ အနံ(၃)ပေရှိပြီး တစ်ချပ်ကိုသွင်းဈေးအနေနှင့်ခုနှစ်ရာ ကျပ်သွင်းရပြီး ကိုယ်တိုင်ရောင်းလျှင်တစ်ချပ်တစ်ထောင့်ငါးရာထိ   ဈေးရရှိကြောင်း၊  တစ်ယောက်လျှင် တစ်နေ(၅)ချပ်ထိရက်လုပ်နိုင်၍ မိသားစုများလျှင်အချပ်ရေပိုမိုထွက်ရှိကြောင်း အချပ်ရေများပြီး ဝင်ငွေပိုမိုရရှိနိုင်ပါကြောင်း မိသားစုအပိုဝင်ရရှိ၍ အဆင်ပြေလျက်ရှိသော ဖယောင်းဖျာယက်လုပ်သူ ဒေါ်ခင်မိုးကြူထံကသိရသည်။                                                                                                          


သတင်း - ဝင်းဝင်းသန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)