MNP ၊ အောက်တိုဘာ ၂၂
မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျောင်းသား/သူများအား နွားနို့(၂၀)လီတာတိုက်ကျွေးခြင်းကို ယနေ့ နေလယ်က အမက ညောင်ကုန်းရွာသစ်၌ တိုက်ကျွေးခဲ့သည်။
အဆိုပါနွားနို့တိုက်ကျွေးခြင်းကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှုး ဒေါက်တာသက်နိုင် က ဦးဆောင်ပြီး ကလေးငယ်များညဏ်ရည်ဖွံ့ဖြိုးစေရန်နှင့်အဟာရဖွံ့ဖြိုးကြံ့ခိုင်စေရန် ရည်ရွယ်၍ ကျောင်းသား/သူ(၈၆)ဦးအား တိုက်ကျွေးရခြင်းဖြစ်သည်။
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် တိရိစ္ဆာန် များ၏ရောဂါများကို ကာကွယ်ကုသ ဆောင်ရွက်ပေးခြင်းသာမက ကျောင်းသား/သူ ကလေးငယ်ဘဝ ညဏ်ရည်ဖွံ့ဖြိုးတိုးတက်ပြီး အနာဂတ်လှပ ကျန်းမာသန်စွမ်းစေရန် ရည်ရွယ်၍ နွားနို့များကိုလစဉ်တိုက်ကျွေးပေးနေကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment