အကြမ်းဖက်အဖွဲ့များကို မြန်ဆန်ပြင်းထန်သော တုန့်ပြန်မှုမျိုးဖြင့် အရေးယူဆောင်ရွက်ပေးရန် မျိုးချစ်သမဂ္ဂအင်အားစု (မွန်ပြည်နယ်) တောင်းဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အကြမ်းဖက်အဖွဲ့များကို မြန်ဆန်ပြင်းထန်သော တုန့်ပြန်မှုမျိုးဖြင့် အရေးယူဆောင်ရွက်ပေးရန် မျိုးချစ်သမဂ္ဂအင်အားစု (မွန်ပြည်နယ်) တောင်းဆို

 ကျိုက်ထီးရိုးဘုရားဖူးများအား ပစ်ခတ်ခဲ့သည့် KNLA, NUG, PDF အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်အား ကန့်ကွက်ရှုတ်ချပွဲ မော်လမြိုင်မြို့တွင်ကျင်းပ၊ 




MNP ၊ အောက်တိုဘာ ၂၂

ယနေ့နေ့လည်၁၂နာရီအချိန်က မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သံလွင်ဥယျာဉ်အတွင်း ဗိုလ်ချုပ်ရုပ်ထုကွင်းပြင်၌  မွန်ပြည်နယ် အမျိုးသားရေးသမဂ္ဂအင်အားစုမှဦးဆောင်၍ ကျိုက်ထီးရိုးဘုရားဖူးပြည်သူလူထုအား အကြမ်းဖက်ပစ်ခတ်ခဲ့သော KNLA, NUG, PDFအကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်အား ပြင်းထန်စွာရှုံ့ချဆန့်ကျင်ပွဲ ပြုလုပ်ခဲ့ကျပြီး အကြမ်းဖက်လုပ်ရပ်များအပေါ် ရွံမုန်းသော ငြိမ်းချမ်းရေးလိုလားသည့် ပြည်သူ နှစ်ရာကျော်နှင့် အမျိုးသားရေးသမဂ္ဂဦးဆောင်ဆရာတော်သံဃာတော်များ အမျိုးသားရေးညီနောင်များ ပါဝင်တက်ရောက်ခဲ့ကြောင်းသိရသည်။


အခမ်းအနားတွင် အမျိုးသားရေးသမဂ္ဂအင်အားစုဦးဆောင်ဆရာတော်တစ်ပါးက "ဗုဒ္ဓဘာသာဝင် ဘုရားဖူးပြည်သူများအားလူမဆန်စွာ ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခဲ့သော KNLA, NUG, PDFတို့၏ အကြမ်းဖက်မှု၊ ဗုဒ္ဓဘာသာဆရာတော်သံဃာတော်တို့အား ရည်ရွယ်ချက်ရှိရှိ ရက်စက်ယုတ်မာစွာ သတ်ဖြတ်နေမှု၊ ဗုဒ္ဓဘာသာပြိုကျပျက်စီးအောင် ဆောင်ရွက်နေမှုများအပေါ်အကျဉ်းချုံးဟောပြောပြီး ကြွေးကျော်သံများ ကြွေးကျော်ကာ (၁၂ ၃၀) အချိန်တွင် အခမ်းအနား အောင်မြင်စွာပြီးစီးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မျိုးချစ်သမဂ္ဂအင်အားစု(မွန်ပြည်နယ်) က သဘောထားကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာ ၁၂-၁၀-၂၀၂၂ ရက်နေ့က KNLA တပ်မဟာ (၁)နှင့် CRPH, NUG တို့၏ လက်ဝေခံ ခိုင်းဘက် PDF အမည်ခံ အကြမ်းဖက်သမားများမှ လက်နက် ကြီးငယ်များဖြင့် ဘုရားဖူးပြည်သူများအား ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက် သတ်ဖြတ်ခဲ့ခြင်းကြောင့် (၃)ဦး သေဆုံးပြီး (၁၉)ဦး ဒဏ်ရာရရှိခဲ့သည့်အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း၊ CRPH, NUG, PDF ပြည်ဖျက်အကြမ်းဖက်အဖွဲ့များနှင့် ၎င်းကိုကျောထောက်နောက်ခံပြုနေကြသော KNU, KIA, KNLA လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့အစည်းများသည် ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်ထားရာဖြစ်သော စေတီ၊ ပုထိုး၊ ဘုရားကျောင်းကန်တို့အား ဗုံးထောင်ဖောက်ခွဲမီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူပိုင် စာသင်ကျောင်း၊ လမ်း၊ တံတား၊ ဆေးရုံ စသည့် အဆောက်အဦးတို့အား ဗုံးထောင်ဖောက်ခွဲမီးရှို့ဖျက်ဆီးခြင်း၊ သံဃာတော်များကို ညှဉ်းပန်းနှိပ်စက်၊ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်ခြင်း၊ အပြစ်မဲ့ ဝန်ထမ်းများနှင့် ပြည်သူများအား အကြမ်းဖက်သတ်ဖြတ်ခြင်းများ ကျူးလွန်နေသည့်အပေါ် တာဝန်ရှိအစိုးရအဖွဲ့အစည်းများမှ မြန်ဆန်ပြင်းထန်သော တုန့်ပြန်မှုမျိုးဖြင့် ဆောင်ရွက်ပေးရန် မျိုးချစ်သမဂ္ဂအင်အားစု (မွန်ပြည်နယ်) အနေဖြင့် တောင်းဆိုထားသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)