သံဃာတော်များကို ပစ်မှတ်ထားတိုက်ခိုက်လာခဲ့သော အကြမ်းဖက်လှုပ်ရှားမှု မှတ်တမ်း အပိုင်း (၁) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံဃာတော်များကို ပစ်မှတ်ထားတိုက်ခိုက်လာခဲ့သော အကြမ်းဖက်လှုပ်ရှားမှု မှတ်တမ်း အပိုင်း (၁)


၂၀၂၀ ပြည်လုံးကျွတ် အထွေထွေရွေးကောက်ပွဲကြီးမှာ မဲမသမာမှုတွေ ဖြစ်ပေါ်ခဲ့တဲ့အပေါ် အခြားသော နိုင်ငံရေးပါတီများ က ဖြေရှင်းဆောင်ရွက်ရန် တင်ပြခဲ့ကြသလို တပ်မတော်ကလည်း မဲစာရင်းများကို စိစစ်ပြီး ဖြေရှင်းဆောင်ရွက်ရန် ထုတ်ပြန်ချက်များဖြင့် ထုတ်ပြန်တောင်းဆိုခဲ့ပါတယ်။ NLD ပါတီက ဖွဲ့စည်းထားတဲ့ အစိုးရ၊ UEC အနေနဲ့ မဲစာရင်း ကွာဟမှု တင်ပြချက်များအပေါ် အလေးထား ဆောင်ရွက်ပေးခြင်း မရှိဘဲ တတိယအကြိမ်လွှတ်တော်ခေါ်ဖို့ စီစဉ်ခဲ့ပါတယ်။

၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှာတော့ မဲမသမာမှုတွေ အပြင် တခြားသော အဂတိလိုက်စားမှုတွေနဲ့ NLD ထိပ်ပိုင်း ခေါင်းဆောင်တွေကို ထိန်းသိမ်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၄၁၇) အရ အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူခဲ့ပါတယ်။ တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူသွားချိန်ကစပြီး NLD ဦးဆောင်သူများ၊ NLD နှင့် လက်တွဲဆောင်ရွက်နေသော မိတ်ဖက်နိုင်ငံရေးသမားများ၊ သတင်းမီဒီယာများက အာဏာသိမ်းစစ်တပ်အဖြစ် လှုံ့ဆော်ပြီး ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပေါ်အောင် လှုံ့ဆော်ခဲ့ကြပါတယ်။ ဆူပူအကြမ်းဖက်လှုပ်ရှားမှုများကို တစ်စတစ်စ အရှိန်အဟုန်မြှင့်တင်လာပြီး ဆူပူဆန္ဒပြမှုတွေမှာ ပါဝင်ခဲ့ကြတဲ့ လူငယ်တွေကို KNU, KIA အဖွဲ့များထံ စေလွှတ်ပြီး အကြမ်းဖက်သင်တန်းများ တက်ရောက်စေခဲ့ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များထံမှာ အကြမ်းဖက်သင်တန်း တက်ရောက်ခဲ့ကြတဲ့ လူငယ်များဟာ ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးတွေမှာ ဖောက်ခွဲတိုက်ခိုက် လုပ်ကြံသတ်ဖြတ်မှုတွေ ကျူးလွန်လာကြပါတယ်။ NLD ဦးဆောင်သူများ ဖွဲ့စည်းထားတဲ့ CRPH, NUG ပြည်ပြေး ဝရမ်းပြေး တိုင်းဖျက် ပြည်ဖျက် သာသနာဖျက်နဲ့ အကြမ်းဖက်လှုံ့ဆော်မီဒီယာများရဲ့ တွန်းအားပေးမှုတွေကြောင့် PDF အကြမ်းဖက်သမားများရဲ့ လှုပ်ရှားမှုများဟာ ပြင်းထန်လာပြီး သံဃာတော်များကိုပါ လုပ်ကြံသတ်ဖြတ်မှုတွေ ကျူးလွန်လာခဲ့ကြပါတယ်။

၂၀၂၁-၂၀၂၂ တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူထားစဉ်အတွင်း NLD ဦးဆောင်သူများ ဖွဲ့စည်းထားတဲ့ CRPH, NUG, PDF အကြမ်းဖက်သမားများရဲ့ လုပ်ကြံသတ်ဖြတ်မှုမှာ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း (၄၀၀၀)ဝန်းကျင် အထိ လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရပါတယ်။ ဒီအထဲမှာ သံဃာတော်များ လုပ်ကြံသတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ အောက်တိုဘာလ (၂၀) ရက်နေ့က သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီက ဆက်သွယ်မေးမြန်းရာမှာ PDF အကြမ်းဖက်သမားများ၏ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် သံဃာတော် ၅၉ပါး ပျံလွန်တော် မူခဲ့ပြီး ၃၄ပါး ဒဏ်ရာရရှိကာ သီလရှင်တစ်ပါး ကွယ်လွန်ခဲ့ကြောင်း တရားဝင် ဖြေကြားထားပါတယ်။ ပုဂ္ဂလိက သတင်းဌာနတချို့ရဲ့ မှတ်တမ်းများမှာတော့ PDF အကြမ်းဖက်သမားများရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် သံဃာတော် (၇၁)ပါး ပျံလွန်တော်မူခဲ့ရကြောင်း တွေ့ရှိရပါတယ်။

NLD ဦးဆောင်သူများဖွဲ့စည်းထားတဲ့ CRPH, NUG ပြည်ပြေး ဝရမ်းပြေး ဆူပူအကြမ်းဖက် တိုင်းဖျက် ပြည်ဖျက် သာသနာဖျက်များနှင့် ပြည်ဖျက်မီဒီယာများရဲ့ လှုံ့ဆော်မှုနဲ့အတူ PDF အကြမ်းဖက်သမားများရဲ့ လုပ်ကြံသတ်ဖြတ်မှုများကြောင့် ပျံလွန်တော်မူခဲ့ရ၊ ထိခိုက်ဒဏ်ရာရခဲ့တဲ့ သာသနာအာဇာနည်သံဃာတော်များရဲ့ မှတ်တမ်းကို စုစည်းတင်ပြပေးသွားမှာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၈၂)ရပ်ကွက်၊ ကရုဏာလမ်း၊ အမှတ်(၅၂၀)ရှိ ဝဋ်ကြွေးတော်ပြေဘုန်းတော်ကြီးကျောင်းမှ ဆရာတော် ဘဒ္ဒန္တသီရိဓမ္မ၊ သက်တော် ၅၀ နှစ်၊ ဝါတော် ၁၉ ဝါအား မတ် ၂ ရက် ည ၈ နာရီခန့်တွင် NLD ပါတီမှ ဆူပူအကြမ်းဖက် သူ အင်အား ၁၀၀ ဦးခန့်က ကျောင်းအတွင်းဝင်ရောက်၍ လေးခွများဖြင့် ပစ်ခတ်မှုကြောင့် ဆရာတော်တွင် နဖူး၊ ဦးခေါင်းနှင့် ဘယ်မျက်လုံးတို့ထိခိုက်ခဲ့ပြီး နယ်မြေခံတပ်မတော်ဆေးရုံ ၌ တက်ရောက်ဆေးကုသမှုခံယူခဲ့ရပါတယ်။

ဖြစ်စဉ်မှာ ရပ်ကွက်အတွင်းရှိ NLD ထောက်ခံသူများ အင်အား ၁၀၀ ခန့်က ဆူပူအကြမ်းဖက်ကြွေးကြော်သံတွေနဲ့ ကျောင်းအတွင်းသို့ ဝင်ရောက်၍ လူမိုက်အား ထုတ်ပေးရန် အော်ဟစ်ဆူပူလျက်ရှိသဖြင့် ဆရာတော်က ဖြေရှင်းပြောဆိုရန် ထွက်လာစဉ် လေးခွများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။ ဘုန်းတော်ကြီးကျောင်းတွင် သံဃာတော် ၁ ပါး၊ ကပ္ပိယ ၁ ဦးနှင့် ဘုန်းကြီးကျောင်းသား ၁ ဦးသာရှိပြီး ကျောင်းအနီး၌ ကျူးကျော်နေထိုင်သည့် ဒေါ်ခင်လေးမြိုင်သည် ညအချိန်မတော် သံပုံးတီးခြင်းများနှင့် ပတ်သက်၍ ဆရာတော်က ပြောဆိုဆုံးမသည့်အပေါ် မကျေနပ်သဖြင့် ဘုန်းတော်ကြီးအတွင်း လူမိုက်များရှိနေကြောင်း ရပ်ကွက်အတွင်း မဟုတ်မမှန် လုပ်ကြံဖန်တီး လှုံ့ဆော်ပြီး ဆရာတော်ဘဒ္ဒန္တသီရိဓမ္မကို တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်ပါတယ်။

ဆရာတော်ဟာ ဆေးဝါးကုသမှုခံယူခဲ့သော်လည်း အကြမ်းဖက်သမားများရဲ့ လက်ချက်နဲ့ ထိခိုက်မှုဖြစ်ပေါ်ခဲ့တဲ့ မျက်လုံးတစ်ဖက်ဟာ အလင်းမရတော့ဘဲ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ ဆေးကုသမှု ခံယူပြီး ဖြစ်ပေါ်လည်း ရပ်ကွက်အတွင်းမှာ ဆူပူအကြမ်းဖက်လှုပ်ရှားသူများ ရှိနေတဲ့အတွက်ကြောင့် ကျောင်းကနေ လအတော်ကြာ ရှောင်တိမ်းနေခဲ့ရပါတယ်။

ဆရာတော် ဘဒ္ဒန္တသီရိဓမ္မအား မျက်စိတစ်ဖက် ပျက်စီးဆုံးရှုံးအောင် အကြမ်းဖက် တိုက်ခိုက်ခဲ့ကြတဲ့သူတွေကို တရားရုံးမှာ အမှုဖွင့်တိုင်ကြားခဲ့ပြီး ဥပဒေနဲ့အညီ ဆောင်ရွက်ပေးရာမှာ ပျက်ကွက်မှုတွေ ရှိခဲ့ပါတယ်။ အကြမ်းဖက်လှုပ်ရှားသူများကို တိတိကျကျ ဖမ်းဆီးအရေးယူပေးခြင်း မရှိသလို တရားရုံးတော်မှာလည်း လုပ်ထုံးလုပ်နည်းနဲ့မညီညွတ်တဲ့ ဆောင်ရွက်ချက်တွေ လုပ်ဆောင်လာတဲ့အတွက် ဥပဒေနဲ့အညီ ဆောင်ရွက်ပေးနိုင်ဖို့ တင်ပြတိုင်ကြားမှုတွေ လုပ်ဆောင်ခဲ့ရပါတယ်။

ရန်ကုန်မြို့ပေါ်မှာ NLD ပါတီမှ ဆူပူအကြမ်းဖက်လှုပ်ရှားသူများရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ပထမဆုံး ကိုယ်အင်္ဂါချို့ယွင်းပျက်စီးခဲ့ရတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)