မကွေးတိုင်းဒေသကြီး(၃၅)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီး(၃၅)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ



MNP ၊  အောက်တိုဘာ  ၂၂

မကွေးတိုင်းဒေသကြီး(၃၅)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၉)နာရီအချိန်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင့်လွင်က အဖွင့်အမှာ စကားပြောကြားရာတွင် မိမိတို့မြန်မာလူမျိုးတို့၏ နှစ်စဉ်ကျင်းပနေမြဲဖြစ်သော စုပေါင်းမဟာဘုံ ကထိန်သည် နှစ်စဉ်အစဉ်အလာမပျက် ကျင်းပလျက်ရှိရာ အစဉ်ထိန်းသိမ်းဆောင်ရွက်ရမည့် ရိုးရာယဉ်ကျေးမှုတစ်ခုပင်ဖြစ်ပါကြောင်း၊  မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများအားစုပေါင်း၍ စုပေါင်းမဟာဘုံကထိန်အား ကျင်းပဆောင်ရွက် သွားမည်ဖြစ်ပါ ကြောင်းနှင့် ယခင်နှစ်များနည်းတူ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် တာဝန်ရှိသူများ အားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်းပြောကြားသည်။


ဆက်လက်၍ မကွေးတိုင်းဒေသကြီး(၃၅)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ဖြစ်မြောက်ရေး ကော်မတီဥက္ကဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးသန့်စင်ကိုကိုက တိုင်းဒေသကြီး စုပေါင်းမဟာဘုံကထိန် အောင်မြင်စွာ ကျင်းပနိုင်ရေးလုပ်ငန်းဆပ်ကော်မတီများ ဖွဲ့စည်းဆောင်ရွက် ထားရှိမှုအခြေအနေများ၊ လုပ်ငန်းဆပ်ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများ နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။


ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက တိုင်းဒေသကြီး(၃၅)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့်ပတ်သက်၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်းသိရသည်။


ကိုစည်သူ(မကွေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)