မွန်ပြည်နယ် တိုင်းရင်းသားယဉ်ကျေးမှုဗဟိုဌာန တည်ဆောက်ရန်အတွက် ဌာနပိုင်မြေတန်ဖိုးနှင့် အပင်တန်ဖိုးပေးလျော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ် တိုင်းရင်းသားယဉ်ကျေးမှုဗဟိုဌာန တည်ဆောက်ရန်အတွက် ဌာနပိုင်မြေတန်ဖိုးနှင့် အပင်တန်ဖိုးပေးလျော်


MNP ၊ အောက်တိုဘာ   ၂၂

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် တိုင်းရင်းသားယဉ်ကျေးမှုဗဟိုဌာန တည်ဆောက်ရန်အတွက် ဌာနပိုင်မြေတန်ဖိုးနှင့် အပင်တန်ဖိုးပေးလျော်သည့် အခမ်းအနားကို ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း တက်ရောက်ခဲ့သည်။


မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက မွန်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကိုမပျောက်ပျက်စေရေးထိန်းသိမ်း ဖော်ဆောင်ပေးလျက်ရှိကြောင်း၊ ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်လာသည်နှင့်တစ်ပြိုင်နက် ကုန်စည်စီးဆင်းမှု၊ ခရီးသွားများဝင်ရောက်မှုများအပါအဝင် ယဉ်ကျေးမှုအမွေအနှစ်များ ဖော်ထုတ်ပြသနိုင်ရေးသည် အရေးကြီးသည့် အခန်းကဏ္ဍမှပါဝင်လာမည်ဖြစ်ကြောင်း၊ ပြည်နယ်၏ တိုင်းရင်းသားယဉ်ကျေးမှုဗဟိုဌာန တည်ဆောက်ရန်လိုအပ်သည့် မြေဧက(၂ဝ)အား စက်မှုဝန်ကြီးဌာနမှ ပြန်လည်စွန့်လွှတ်ပေးသည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း၊ တိုင်းရင်းသားအားလုံး ချစ်ကြည်စည်းလုံးစွာဖြင့် အတူတကွ ယှဉ်တွဲနေထိုင်ကာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာများ ထွန်းကားပြန့်ပွားရေးအတွက် အားလုံးဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ပေးကြရန် ပြောကြားခဲ့သည်။


ထို့နောက် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးမှ တိုင်းရင်းသားယဉ်ကျေးမှုဗဟိုဌာန တည်ဆောက်ရန် မြေစွန့်လွှတ်ခြင်းအတွက် ကျေးဇူးတင် စကားပြောကြားပြီး မော်လမြိုင်မြို့၊ မင်းရွာရာဘာခြံမှ မြေဧက(၂ဝ)အတွင်း စိုက်ပျိုးထားသည့် ရော်ဘာပင်များအတွက် ဌာနပိုင်မြေတန်ဖိုးနှင့် အပင်တန်ဖိုးလျော်ကြေးငွေများကို အမှတ်(၂၇) စက်မှုကုန်ကြမ်းဌာနနှင့် အကျိုးတူလုပ်ငန်းရှင်ထံသို့ အသီးသီးပေးအပ်ခဲ့ကြောင်း သိရှိရသည်။


ခင်စန်းမြင့်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)