ပုဏ္ဏားကျွန်းမြို့ နယ် ပဒေသာကျေးရွာ၌ တောင်သူပညာပေးဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့ နယ် ပဒေသာကျေးရွာ၌ တောင်သူပညာပေးဆွေးနွေးပွဲ ကျင်းပ





MNP ၊ အောက်တိုဘာ ၂၄

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးနည်းပညာများ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ တောင်သူပညာပေးဆွေးနွေးပွဲကို ယမန်နေ့၊ နံနက် ၁၁ နာရီမှ ညနေ ၄ နာရီအထိ၊ ပဒေသာကျေးရွာ စိုက်ပျိုးရေးစခန်းတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာစိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းအောင်ကျော်က သင်တန်းများ ပို့ချဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ် ချက်များကို ရှင်းလင်းပြောကြားပြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက မျိုးစပါးမျိုးစေ့ထုတ်လုပ်နည်းပညာ၊ ဘက်စုံပိုးမွှား ကာကွယ်နှိပ်နင်းခြင်းနည်းပညာ၊ မြေဆီလွှာထိန်းသိမ်းခြင်းနည်းပညာနှင့်နေကြာဆီထွက်သီးနှံအထွက်တိုးနည်းပညာ တို့အား စနစ်တကျသင်ကြားပို့ချပေးခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့  ပဒေသာကျေး ရွာအုပ်စုမှ တောင်သူ ၅၇ ဦးတက်ရောက်ခဲ့ကြပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းတို့က တောင်သူများ၏ သိရှိလို သည်များကို အသေးစိတ်ပြန်လည် ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်းသိရသည်။


နီထွန်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)