MNP - အောက်တိုဘာ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့က မြို့နယ်အားကစားကွင်း၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးသက်ဆွေနှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဘောလုံးဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေး ကြသည်။
ရှေးဦးစွာ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် Bravo အသင်းနှင့် မြို့မ(ခ)အသင်းကို ယှဉ်ပြိုင်ကစားကြရာ Bravo အသင်းက မြို့မ(ခ)အသင်းကို နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိသည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ နေရာလိုက်အကောင်းဆုံးဆု၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆုနှင့် ဒုတိယဆုရရှိသည့် မြို့မ(ခ) အသင်းတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက တစ်ဦးချင်းအကောင်းဆုံး ဆုတံဆိပ်များနှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးက ပထမဆုရရှိသည့် Bravo အသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့် တံခွန်စိုက်ဒိုင်းကို ပေးအပ်ချီးမြှင့်သည်။
မိုင်းယောင်းခရိုင်တွင် အလားအလာရှိသောမျိုးဆက်သစ်ဘောလုံးအားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အလွတ်တန်း ဘောလုံးပြိုင်ပွဲကို အောက်တိုဘာ ၇ ရက်က စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း အသင်း ကိုးသင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
သတင်း - စိုင်းအောင်ဇော်လင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment