တစ်ရှူးငှက်ပျောပင်များ တစ်ပိုင်တစ်နိုင်စိုက်ပျိုးရောင်းချခြင်းဖြင့် အမြတ်ငွေပိုမိုရရှိနိုင် - Myanmar National Post

Myanmar National Post

News Agency

Breaking

တစ်ရှူးငှက်ပျောပင်များ တစ်ပိုင်တစ်နိုင်စိုက်ပျိုးရောင်းချခြင်းဖြင့် အမြတ်ငွေပိုမိုရရှိနိုင်



MNP - အောက်တိုဘာ  ၂၂


စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် ယခုအခါစီးပွားဖြစ် စိုက်ပျိုးလျက်ရှိသည့် တစ်ရှူးငှက်ပျောပင်များကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးကာရောင်းချလျက်ရှိရာ အခြားသီးနှံများထက် ပိုမိုကာအမြတ်ငွေရရှိလျက်ရှိကြောင်း သစ်ရှူးငှက်ပျောစိုက်ပျိုး ရောင်းချသူများထံမှ သိရှိရသည်။


တစ်ရှူးငှက်ပျောပင်ကို မိမိမြေအကျယ်အဝန်းပေါ် မူတည်ကာပင်ခြားတန်းခြား(၁၀)ပေထား၍ ပင်စိုက်ပျိုးနိုင်ကြောင်း၊ စိုစွတ်သောမြေအနေအထားကို ကြိုက်သော်လည်း ရေဝပ်မြေကို မနှစ်သက်ကြောင်း၊ စိုက်ပျိုးစရိတ်အလွန်သက်သာကြောင်း၊ စိုက်ပျိုးပြီး(၈)လာအကြာတွင် ပင်မကြီးမှအသီးများ စတင်ရရှိပြီး ခူးယူရောင်းချနိုင်ကာ ပင်ပွားအတက်မှ နောက်ထပ်(၄)လ အကြာတွင် အသီးများဆက်လက်သီးလာကြောင်း၊ မြေဩဇာအဖြစ် နွားချေးကိုသာ အသုံးပြုရ၍ ကုန်ကျစရိတ် အလွန်သက်သာသောကြောင့် မိမိတို့ခြံဝင်းမြေကွက်လပ်တွင်ပင်လျှင် တစ်ပိုင်တစ်နိုင်စိုက်ကာ မိသားစုအတွက် ဝင်ငွေရရှိနိုင်မည်ဖြစ်ကြောင်း၊ တစ်ပိုင်တစ်နိုင် ငှက်ပျောစိုက်ပျိုးလုပ်ကိုင်နေသူ ဦးတင်အောင်ထံမှ သိရှိရသည်။


ငှက်ပျောသီးထွက်ရရှိမှုအနေဖြင့် ငှက်ပျောတစ်ခိုင်လျှင် အဖီး(၃၀)နှုန်းနှင့် တစ်ဖီးလျှင် အလုံး(၄၀)ပါရှိကြောင်းနှင့် လက်ရှိတွင်တစ်ဖီးလျှင် ငွေကျပ်(၁၅၀၀)နှုန်းဖြင့် ရောင်းချလျက်ရှိရာ ငှက်ပျောတစ်ပင်ပင်လျှင် ဝင်ငွေအနေဖြင့် ငွေကျပ်(၄၅၀၀၀)ရှိကြောင်းနှင့် စားသုံးများ နှစ်သက်သည့်အတွက် ပိုမိုစိုက်ပျိုးလုပ်ကိုင်လာကြကြောင်း သိရှိရသည်။


သတင်း - အောင်စိုးဖေ 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)