မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း- မော်လမြိုင်ဘူတာကြီး၌ ရထားခရီးစဉ်ပြေးဆွဲ ဆောင်ရွက်နေမှုအခြေအနေနှင့် မော်လမြိုင်အဝေးပြေးကားဝင်းတိုးချဲ့မည့် မြေနေရာအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း- မော်လမြိုင်ဘူတာကြီး၌ ရထားခရီးစဉ်ပြေးဆွဲ ဆောင်ရွက်နေမှုအခြေအနေနှင့် မော်လမြိုင်အဝေးပြေးကားဝင်းတိုးချဲ့မည့် မြေနေရာအား ကြည့်ရှုစစ်ဆေး

 


MNP - အောက်တိုဘာ  ၂၂


မွန်ပြည်နယ်အတွင်း ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ ခရီးသွားလာနိုင်ရေးအတွက် မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုခဲ့ကြောင်းသိရသည်။


မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့်ဝန်ကြီးများသည်မော်လမြိုင်ဘူတာကြီး၌ ဘူတာရုံပရဝုဏ်အတွင်း/ အပြင် သန့်ရှင်းသာယာလှပစေရေး  ဆောင်ရွက်ထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီးမော်လမြိုင်-ရန်ကုန် လေအိတ်ရထားပြေးဆွဲနေမှု အခြေအနေကို ကြည့်ရှုအားပေးကာ ခရီးသွားပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။


ထို့နောက် မြန်မာ့မီးရထား (ပို့ဆောင်ရေး၊ တတိုင်းအမှတ်-၈)မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ရထားခရီးစဉ်များ ပြေးဆွဲဆောင်ရွက်နေခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ ခရီးသွားလာနိုင်ရေး၊ ဘူတာရုံများ ဥပဓိရုပ်ကောင်းမွန်စေရေး ဆောင်ရွက်ပေးကြရန်၊ မီးရထားပိုင်မြေများတွင် ကျူးကျော်နေထိုင်မှုများ မရှိစေရေးနှင့် ရထားလမ်းဘေး ဝဲ၊ ယာတစ်လျောက် သစ်ပင်၊ ခြုံနွယ်များရှင်းလင်းစေရေး ဆောင်ရွက်ကြရန်မှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။


ထိုနောက် မော်လမြိုင်အဝေးပြေး ကားဝင်းတိုးချဲ့မည့် မြေနေရာအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများမှ ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိ ရသည်။


သတင်း - ခင်စန်းမြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)