MNP - အောက်တိုဘာ ၂၂
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ကုတင် ၅၀၀ ဆံ့အထွေထွေရောဂါကုဆေးရုံကြီး၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှု အားပေးကြသည်။
စစ်တွေမြို့၊ အထွေထွေရောဂါကုဆေးရုံးကြီးတွင် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှ နယ်မြေခံတပ်မတော်သားများ၊ ပရဟိတအဖွဲ့များက ဆေးရုံကြီးခြံဝင်း အတွင်းရှိ မြက်ပင်များ၊ ပေါင်ပင်များ၊ ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းပြီး ရေမြောင်းအတွင်းရှိ အမှိုက်သရိုက်များကို ရှင်းလင်းခြင်းများအား ဆေးရုံကြီးသန့်ရှင်းသာယာစေရေးအတွက် စုပေါင်းဆောင်ရွက်ကြသည်။ အလားတူ စည်ပင်သာယာရေး အဖွဲ့ကလည်း စွန့်ပစ်အမှိုက်များကို သိမ်းဆည်းပြီး အမှိုက်သိမ်းကားဖြင့်သိမ်းယူကာ သတ်မှတ်နေရာတွင် စနစ်တကျ စွန့်ပစ်ခဲ့ကြောင်းသိရသည်။
ထိုသို့စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သွားရောက်လှည့်လည်ကြည့်ရှုပြီး ဆေးရုံကြီးသန့်ရှင်းသာယာရေးအတွက် လိုအပ်သည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
သတင်း - တင်ထွန်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment