မိုင်းဖြတ်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏဖွံ့ဖြိုးတိုးတက်စေရေး ဂိမ်းကစားခြင်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းဖြတ်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏဖွံ့ဖြိုးတိုးတက်စေရေး ဂိမ်းကစားခြင်းများဆောင်ရွက်

 




MNP - အောက်တိုဘာ ၂၂


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏဖွံ့ဖြိုးတိုးတတ်စေရေးအတွက် ရည်ရွယ်လျက် ယမန်နေ့ မွန်းလွဲ ၂ နာရီက ရုပ်ပုံစာလုံးများရွေးချယ်ခြင်း၊ ဂိမ်းကစားခြင်းများကို ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက် လက်ထောက်-၃ ဒေါ်နန်းကောင်ခမ်းနှင့် ရုပ်သံကျွမ်းကျင်-၃ ဒေါ်ဟောင်းနန်းတို့က ရုပ်ပုံစာလုံးများ ရွေးချယ်ခြင်းနှင့် ကစားပုံကစားနည်းများကို အသေးစိပ်ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အထက (မိုင်းဖြတ်)ကျောင်းမှ (Grade-2)ကျောင်းသား၊ ကျောင်းသူများက ရုပ်ပုံများကို အင်္ဂလိပ်အက္ခရာ စကားလုံးများဖြင့် ရွေးချယ်ကစားခြင်း၊ ပျော်ရွှင်စွာ ဂိမ်းကစားခြင်းများကို ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။


မိုင်းဖြတ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လစဉ်လူထုအခြေပြုဗဟိုဌာန(Community Centre)နှင့် ကလေးစာဖတ်ခန်းတို့၌ ကျောင်းသား၊ ကျောင်းသူများအား ပုံပြောလေ့ကျင့်ပေး ခြင်း၊ ဂိမ်းကစားခြင်း၊ အရုပ်ခေါင်ခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ ဂိမ်းကစားခြင်းစသည့် ကာယ၊ ဉာဏဖွံဖြိုး တိုးတက်စေရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)