ဒဂုံမြို့နယ်အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ဝိုင်းကျင်းပဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့နယ်အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ဝိုင်းကျင်းပဆောင်ရွက်

 



MNP - အောက်တိုဘာ   ၂၅


ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများက ယနေ့နံနက် ၉ နာရီက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ဝိုင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။


အဆိုပါ စာဖတ်ဝိုင်းကို  ကျောင်းသား၊ လူငယ်များ စာပေနှင့်ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာဖတ်သည့် အလေ့အထများ ရရှိစေရန်၊ စာပေမှရရှိသည့်  အသိပညာဗဟု သုတတိုးပွားစေရန်နှင့်  လူအများနှင့် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အထများ ရရှိစေရန်အတွက် ရည်ရွယ်ကာ လစဉ်ရုံးတွင်းနှင့်ကျောင်းများ၊ ဌာနဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ရှေးဦးစွာ ဒဂုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်မေသန္တာက စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားခဲ့ပြီးနောက် စာဖတ်ဝိုင်းကို ဆောင်ရွက်ခဲ့ရာ စာရေးဆရာပီတိ(ပေကြီး)၏ ပြည်သူ့နီတိစာအုပ်မှကျောင်းသားကျောင်းသူများ မှတ်သားလေ့လာသင့်သောပြည်သူ့နီတိများအား ပြန်/ဆက်ဦးစီးအရာရှိနှင့် အ.ထ.က(၃)ဒဂုံမှ ကျောင်းအုပ်ဆရာမကြီးတို့က အသိပညာပေးဆွေးနွေးခဲ့ကြသည်။


ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများကလည်း ပြည်သူ့နီတိစာအုပ်မှသိမှတ်ဖွယ်ရာများအား ပြန်လည်ဖတ်ပြဆွေးနွေးခဲ့ကြပြီး စာဖတ်ဝိုင်းသို့ ကျောင်းသား၊ ကျောင်းသူ(၅၃)ဦးတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။


သတင်း - ကြည်ဇေသော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)