တာချီလိတ်မြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာချီလိတ်မြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်းဖွင့်လှစ်



MNP - အောက်တိုဘာ ၂၅


နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေကျင့်ရေးဦးစီးဌာန၊ တာချီလိတ်မြို့ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အဆိုပါသင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျက နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသတည်ငြိမ်ပြီး ဖွံဖြိုးတိုးတက်စေရေးနှင့် နယ်စပ်ဒေသမှတိုင်းရင်းသားလူမျိုးများ လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးတိုးတက်စေရေးအတွက် မူဝါဒများချမှတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အနာဂတ်လူငယ်များအနေဖြင့် နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေးတွင်ပူးပေါင်းပါဝင်ရန်လိုအပ်ကြောင်းနှင့် ယခုဖွင့်လှစ်သည့် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းကို တက်ရောက်မည့် သင်တန်းသူများအနေဖြင့် သင်တန်းကာလအတွင်း သင်တန်းစည်းမျဉ်းစည်းကမ်းများအား လိုက်နာ၍ မိမိတို့ဘဝဖွံဖြိုးတိုးတက်စေရေး သက်မွေးဝမ်းကြောင်းပညာရပ်များအား ကြိုးစားသင်ယူလေ့လာစေလိုကြောင်း အဖွင့်အမှာစကားပြောကြားပြီး အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီးက သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်းပြောကြားသည်။


ထို့နောက် တက်ရောက်လာသည့် တာချီလိတ်ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများက ခင်းကျင်းပြသထားသည့် သင်တန်းတွင် သင်ကြားပေးမည့်လက်ရာပုံစံများနှင့် သင်တွင်အသုံးပြုမည့်လက်မှုပစ္စည်းများအား ကြည့်ရူ့လေ့လာခဲ့ကြသည်။


အဆိုပါ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းတွင်  သင်တန်းသားဦးရေ(၃၀)ဦးအား သင်တန်းနည်းပြ ဆရာမ ၅ ဦးက သင်ကြားပိူ့ချပေးမှာဖြစ်ပြီး၊ သင်တန်းကာလမှာ(၂၅.၁၀.၂၀၂၂)ရက်နေ့မှ(၂၄.၃.၂၀၂၃)ရက်နေ့အထိ ၅ လကြာဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။


သတင်း - အေးအေးလတ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)