မိုင်းရယ်မြို့နယ်၌ မိုးစပါး စံပြကွက်ရိတ်သိမ်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းရယ်မြို့နယ်၌ မိုးစပါး စံပြကွက်ရိတ်သိမ်း



MNP - အောက်တိုဘာ ၂၄


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါး တစ်ဧက တင်း(၁၀၀) အထွက်နှုန်းရရှိရေး (၁၀)ဧက စံပြကွက် ရိတ်သိမ်းခြင်းကို ယနေ့နံနက် ၉ နာရီက နောင်မို ကျေးရွာအုပ်စု၊ ဦးပိုင်အမှတ်(၇)၊ ကွင်းအမှတ်(၁၁)၌ ပြုလုပ်သည်။


အဆိုပါ နွေစပါးစံပြကွက်ရိတ်သိမ်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းအောင်၊ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးစိုးနိုင်နှင့် ဝန်ထမ်းများ၊ လယ်ယာမြေစီမံခန့်ခွဲရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူများ၊ တောင်သူများက တက်ရောက်ခဲ့ပြီး မိုးစပါး စံပြကွက် ၁၀ ဧကကို စနစ်တကျရိတ်သိမ်းခဲ့သည်။


ထို့နောက် စံကွက်အထွက်တိုင်းတာခြင်းများကို ဆောင်ရွက်ရာ စိုက်ဧက ၁၀ ဧကမှ တစ်ဧကလျှင် ပျှမ်းမျှအထွက်နှုန်း အစို ၁၃၂ ဒသမ ၁၉ တင်း၊ အခြောက် ၁၁၉ ဒသမ ၇၂ တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)