ဆောင်းသီးနှံ လယ်သီးထပ် နေကြာစိုက်ပျိုးမည့် တောင်သူများအတွက် ဆိုလာစနစ်ဖြင့် ရေရရှိရေး ဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆောင်းသီးနှံ လယ်သီးထပ် နေကြာစိုက်ပျိုးမည့် တောင်သူများအတွက် ဆိုလာစနစ်ဖြင့် ရေရရှိရေး ဆောင်ရွက်ပေး

 





MNP - အောက်တိုဘာ ၂၄


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် နတလနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ရေရရှိရန်ခက်ခဲ့သည့် ဆောင်းသီးနှံ လယ်သီးထပ် နေကြာစိုက်ပျိုးမည့် တောင်သူများအတွက် ဆိုလာစနစ်ဖြင့် ရေရရှိရေးအတွက် အကောင်အထည် ဖော်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစီးမင်းအောင်နှင့် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစိုးနိုင်တို့က ယနေ့နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။


အဆိုပါ ဆိုလာစနစ်ဖြင့် ရေရရှိရေးကို မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စု၊ ဟိုယကျေးရွာ၊ တောင်သူ(၃)ဦးပိုင် ကွင်းအမှတ်(၁၀)၊ ဦးပိုင်အမှတ်(၇-၈) နေကြာစံပြကွက် စိုက်ပျိုးမည့်မြေနေရာ ၁၀ ဧက၌ ဆောင်ရွက်သွားမည်ဖြစ်ပြီး ဆိုလာနှင့်ရေတင်စနစ်များ တပ်ဆင်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။


ဆောင်းသီးနှံလယ်သီးထပ် နေကြာကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ပထမအပတ်တွင် ဆိုလာစနစ်ဖြင့် ရေတင်၍ စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)