ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် ဆင်မကြီးမိုမို၏ အသက် (၆၉)နှစ်ပြည့် မွေးနေ့ပွဲအထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ ကျင်းပသွားမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် ဆင်မကြီးမိုမို၏ အသက် (၆၉)နှစ်ပြည့် မွေးနေ့ပွဲအထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ ကျင်းပသွားမည်



MNP - အောက်တိုဘာ  ၂၄


ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ရန်ကုန်တိရစ္ဆန်ဥယျာဉ်တွင် အောက်တိုဘာ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ  Mo Mo's Birthday Weekend အနေဖြင့် ဆင်မကြီးမိုမို၏ အသက်(၆၉)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။


အဆိုပါ ဆင်မကြီးမိုမို၏ မွေးနေ့အထိမ်းအမှတ်အနေဖြင့် ကိတ်မုန့်ခွဲခြင်း၊ မိုမိုဓာတ်ပုံပြပွဲ ပြုလုပ်ခြင်း၊ မျက်လှည့်ပွဲများပြုလုပ်ခြင်း၊ တိရစ္ဆာန်လေးများနှင့် အမှတ်တရဓာတ်ပုံ ရိုက်ကူးခြင်းနှင့် ကလေးများအကြိုက် ပျော်ရွှင်ဖွယ် Game အစီအစဉ်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။


ထို့အပြင် ဗဟုသုတ အစီအစဉ်များ၊ ဖျော်ဖြေရေးအစီအစဉ်များ အပါအဝင် ပျော်ရွှင်ဖွယ် အခြားအစီအစဉ်များစွာကိုလည်း ထည့်သွင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ဆင်မကြီး


မိုမို၏ မွေးနေ့အထိမ်းအမှတ်ပွဲတော်အတွက် ဆိုင်ခန်းများတွင် ပါဝင်ရောင်းချလိုပါက ရန်ကုန် တိရစ္ဆာန်ဥယျာဉ်သို့ (Ph- 09262499324)ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။                                


သတင်း - စန္ဒာမိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)