ရသေ့တောင်ပေါ်တွင် တန်ဆောင်မုန်းလပြည့် "သာမညဖလအခါတော်"နေ့၌ ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင်ပူဇော်ခြင်းကိစ္စ အစည်းအဝေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်ပေါ်တွင် တန်ဆောင်မုန်းလပြည့် "သာမညဖလအခါတော်"နေ့၌ ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင်ပူဇော်ခြင်းကိစ္စ အစည်းအဝေးဆောင်ရွက်




MNP - အောက်တိုဘာ ၂၄


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့အဝင်ရှိ ‌ရသေ့တောင်ပေါ်တွင် တန်ဆောင်မုန်းလပြည့် "သာမညဖလအခါတော်" နေ့၌ ဆီမီးတစ်ထောင်၊ ပန်းနစ်ထောင်ပူဇော်ခြင်းကိစ္စ အစည်းအဝေးကို ယမန်နေ့က ကျင်းပဆောင်ရွက်ခဲ့သည်။


အစည်းအဝေးကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဂေါပကအဖွဲ့များနှင့် မြို့မိမြို့ဖများတက်ရောက်ခဲ့ကြပြီး  နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး ရသေ့ဦးသီလာစာရက  "သာမညဖလအခါတော်" နေ့နှင့် သက်ဆိုင်သော အကြောင်းအရာများကို အစည်းအဝေးတက်ရောက်လာသူများသိရှိအောင် ရှင်းလင်းပြပြီး တန်ဆောင်မုန်းလပြည့်နေ့တွင် တောင်ပေါ်သို့လာရောက်သော တရားနာပရိတ်သတ်များ ကြာဇံဟင်းခါးကျွေးမည်ဖြစ်ရာ အချက်အပြုတ်နှင့်လိုအပ်သော ပစ္စည်းများကို အလယ်ရပ်ကွက်က တာဝန်ယူဆောင်ရွက်ပြီး နမ့်ပိန်ရပ်ကွက်က တောင်ပေါ်တက်သောလမ်းတွင် သာသနအလံ‌ထောင်ရန် ကိစ္စကိုတာဝန်ယူ၍ ရွေဆိုင်းရောင်းသောနေရာတွင် ရသေ့တောင်ဂေါပကအဖွဲ့မှ‌ ဆောင်ရွက်မည်ဖြစ်ရာ တရားနာပရိတ်သတ်များကို ဧည့်ခံကျွေးမွေးရန် တစ်ရပ်ကွက်လျှင်(၅)ဦးနှုန်းလာ‌ လာရောက်မည့်အကြောင်းတို့ကို ဆုံးဖြတ်ခဲ့ကြပြီး ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုကာ အစည်းအဝေးကိုအောင်မြင်စွာကျင်းပခဲ့‌ကြောင်း သိရသည်။


သတင်း - ဇော်ဇော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)