ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ




MNP ၊ အောက်တိုဘာ ၂၄

အောက်တိုဘာလ ၂၃ ရက်နေ့ ၀၉၄၅ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ အောင်ပန်း-ပင်မှီသွား ကားလမ်းတွင်  မြင့်အောင်(ခ)မောင်အောင် မောင်းနှင်ပြီး မနန်းဌေးဦး(ခ)မမူ၊  မနန်းမိုးနွယ် နှင့် မနှင်း  တို့လိုက်ပါ လာသည့် TOYOTA HILUX SURF အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀၀၀ ပြားနှင့် လက်ကိုင်ဖုန်း ၄ လုံး တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


စစ်ဆေး ဖော်ထုတ်ချက်အရ ၁၀ ၃၀ အချိန် အောင်ပန်းမြို့၊ ရွာသစ်ရပ်ကွက်ရှိ မနန်းဌေးဦး(ခ)မမူ ငှားရမ်းနေထိုင်သည့် နေအိမ်အား ဝင်ရောက်ရှာဖွေရာ မမာတိန(ခ)တိန၊ မသန်းမြင့် တို့နှင့်အတူ  နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀ ပြား နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား လည်းကောင်း၊ ၁၁ ၁၅ အချိန် အောင်ပန်းမြို့၊ ဇောတိကျေးရွာရှိ မမေဇူလှိုင် ၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းအားမတွေ့ရှိဘဲ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၆၀၀၀ ပြား၊ စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြား ၉၆၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၄၈၀)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ မြင့်အောင်(ခ)မောင်အောင်(၃၉)နှစ်၊ မနန်းဌေးဦး(ခ)မမူ(၃၁)နှစ်၊ မနန်းမိုးနွယ်(၅၄)နှစ်၊ မနှင်း(၄၅)နှစ် နှင့် မမေဇူလှိုင် တို့အား အောင်ပန်းနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုများရေးဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)