မောင်တောမြို့၌ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲခဲ့သည့် သစ်ပင်ကြီးအား ခုတ်ထွင်ရှင်းလင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောမြို့၌ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲခဲ့သည့် သစ်ပင်ကြီးအား ခုတ်ထွင်ရှင်းလင်း





MNP  ၊  အောက်တိုဘာ  ၂၅

ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့မအနောက်ရပ်ကွက် ၊ ဖေစီရွာလမ်းတွင် ပြိုလဲခဲ့သည့် သစ်ပင်ကြီးသည် အနီးရှိ နေအိမ်ပေါ်သို့ ပိကျနေ သဖြင့်  ယမန်နေ့ ညနေ ၅ နာရီ ခွဲအချိန်ခန့်က မီးသတ် တပ်ဖွဲ့ဝင်များက ခုတ်ထွင်ရှင်း လင်းခဲ့ ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစီးမှူး မှကြီးကြပ်၍ မြို့နယ်မီးသတ်စခန်းမှ လက်ထောက်မီး သတ် ဦးစီး မှူး အောင်နိုင်ဖြိုး ဦးဆောင်ကာ မီးသတ်တပ်ဖွဲ့ဝင်များက မိုးသည်းထန်စွာရွာ သွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် မြို့မ အနောက် ရပ်ကွက်၊ ဖေစီရွာလမ်းရှိ  လုံးပတ် ၆ပေ ၊ အရှည် ၃၀ ပေခန့်ရှိအော်ဒီရှားသစ်ပင်ကြီးသည် လဲကျကာ အနီးရှိ နေအိမ်ပေါ်သို့ ပိကျနေ သဖြင့်  ပြည်သူများ အနှောက်အယှက်မဖြစ်ပေါ် စေရေးအတွက်  အချိန် နှင့် တစ် ပြေးညီ ခုတ်ထွင် ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ သစ်ပင်ကြီးပြိုလှဲမှုကြောင့်  အနီးရှိ  အလျား ၂၀ ပေ ၊ အနံ ၁၅ ပေ ၊ အမြင့် ၁၂ပေ ခန့်ရှိ (သွပ်မိုး ၊ပျဉ်ကာ ၊ ပျဉ်ခင်း)ကျန်းမာရေးဝန်ထမ်း နေအိမ် အမိုးအနည်းငယ်ပျက်စီးဆုံးရှုံးခဲ့ကာ လူတိရစ္ဆာန် ၊ ယာဉ်၊ စက်များ ထိခိုက် ဒဏ်ရာရရှိမှု မရှိ ကြောင်း သိရသည်။


အောင်ကျော်စိန်၊ သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)