MNP ၊ အောက်တိုဘာ ၂၅
ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ထူးကဲဒီရေမြင့်တက်ပြီး ရွှေဇားကပ္ပကောင်း ကျေးရွာအုပ်စု ၊ ဟိန္ဒူ ရွာသစ် တွင် ယမန်နေ့ ညနေ ၁၀ နာရီ ခွဲအချိန်ခန့်က နေအိမ်များအတွင်း ရေဝင် ရောက် မှုဖြစ်ပွား ခဲ့ကြောင်းသိရသည်။
အဆိုပါ မိုးသည်းထန်စွာ ရွာသွန်းပြီး မုန်တိုင်းအရှိန်ကြောင့် ရွှေဇားကပ္ပကောင်းကျေးရွာအုပ်စု ၊ ဟိန္ဒူ ရွာသစ် တွင် ယမန်နေ့ ညနေ ၁၀ နာရီ ခွဲအချိန်ခန့်က ထူးကဲဒီရေ ၂ပေခန့် မြင့်တက်လာသဖြင့် သက်ကြီး ရွယ်အိုများ ၊ ကလေး သူငယ်များ ၊ ကိုယ်ဝန် ဆောင် ၊ နို့တိုက်မိခင်များအား ရေလွှတ်ရာ အမြင့်ပိုင်း အောင်ဗလ ၊ အမကကျောင်းသို့ ကျေးရွာ အုပ် ချုပ် ရေးအဖွဲ့ နှင့် စေတ နာ့ ဝန်ထမ်းများက ရွှေ့ပြောင်းပေးခဲ့ကြရပြီး ရွှေဇားကပ္ပကောင်းကျေးရွာအုပ်စု ၊ ဟိန္ဒူ ရွာသစ် အိမ်ခြေ ၁၄၈ အိမ် ၊ အိမ် ထောင်စု ၁၄၈ စု ၊ အမျိုးသား ၄၀၄ ဦး ၊အမျိုးသမီး ၃၇၅ ဦး ၊စုစုပေါင်းလူဦးရေ ၇၈၃ ဦး ရှိ ကြောင်းသိရသည်။ ထို့ အတူ မြေနိမ့်ပိုင်းရှိ ဌာနဆိုင်ရာရုံးများ နှင့် မြို့ပေါ် ရပ်ကွက်အချို့ရှိ နေအိမ်များ တွင်လည်း ဒီရေ အနည်းငယ် ဝင် ရောက် မှု များ ရှိခဲ့ ကြောင်း သိရ သည်။
အောင်ကျော်စိန်၊သက်လွင်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment