MNP - အောက်တိုဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အောက်တိုဘာ လ ၂၁ ရက်နေ့နံနက်ပိုင်းက အ.လ.က (မြောက် ကုန်း)ကျောင်း အစည်းအဝေးခန်းမ၌ ကျောင်းသား/သူများ သိရှိနားလည်စေရန်အတွက် လူကုန် ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ရာ ကျောင်းအုပ်ဆရာကြီး ဦးမျိုး ညွန့်အောင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးမြင့်က ကျောင်းသား/သူများအနေ ဖြင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အချက်များကို သိရှိနားလည်စေရန် လိုက်နာရမည့်အချက်များ၊ ရှောင်ရှားရမည့်အချက်များနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအား ကျောင်းသား/သူများ သိရှိနားလည်စေရန် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်နှင်းနှင်းခိုင်က လူကုန်ကူးခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှုနှင့် လူသားချင်းဆိုင်ရာ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု သတ်မှတ်ကြကြောင်း၊ လူကုန်ကူးမှုဆိုတဲ့ အဓိပ္ပာယ်ကို အကြမ်းဖျင်းရှင်းလင်းချက်ကတော့ မိမိအကျိုးစီးပွားတစ်ခုအတွက် လူသားများ၏ ကိုယ်ကာယလုပ်အားကို လူသားအချင်းချင်း ခေါင်းပုံဖြတ် အမြတ်ထုတ်ရယူခြင်းနှင့် လူကုန်ကူးခံရသော အလုပ်သမားများအား အတင်းအကျပ် ထိန်းချုပ်ကာ လုပ်အားခမပေးဘဲ အနည်းငယ်မျှသာပေး၍ အလုပ်ခိုင်းစေခြင်းစသည့် အကြောင်းအရာများနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရမည့်အချက်များကို ဟောပြောခဲ့ပြီး ကျောင်းသား/သူများ၊ ဆရာ/မများ စုစုပေါင်း(၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရပြီး ခရိုင်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သတင်း - ထင်အောင်နိုင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment