MNP - အောက်တိုဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ စိတ္တသုခရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် လွတ်လပ်ရေး ပန်းခြံဝန်း အတွင်း၌ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ရေစကြိုမြို့နယ်၊ သက်သာချောင်ချိရေးအဖွဲ့မှ အခြေခံစားသောက်ကုန်များ ဒေသခံပြည်သူများအား အောက်တိုဘာ ၂၁ ရက်နေ့ နံနက် ၉ နာရီအချိန်မှ ၁၁ နာရီအချိန်ထိ သက်သာသောနှုန်းဖြင့် ဈေးနှုန်းချိုသာစွာရောင်းချပေးလျက်ရှိသည်။
အဆိုပါ ရောင်းချရာတွင် မြို့နယ်သက်သာချောင်ချိရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်း ဦးဆောင်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ လူမှုရေးအဖွဲ့များ ပူးပေါင်းပြီး ရေစကြိုမြို့နယ်၊ သက်သာချောင်ချိရေးအဖွဲ့မှ ဒေသခံပြည်သူများကို စားသောက်ကုန်ပစ္စည်းများ ဝယ်ယူရာတွင် သက်သာစွာ အထောက်အကူပြုစေရန်အတွက် ရည်ရွယ်၍ အခြေခံစားသောက်ကုန်များဖြစ်သော ဆန် တစ်ပြည် (၁၅၀၀/-)၊ ဆီ တစ်ပိဿာ (၅၀၀၀/-)၊ ကြက်ဥတစ်လုံး (၁၉၀/-)ဖြင့် ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
သတင်း - မောင်လုလင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment