ကျောက်ဖြူမြို့အဝင် စုပေါင်းစစ်ဆေးရေးဂိတ်၌ ခရီးသွားပြည်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များမှ Mask များဖြန့်ဝေခြင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့အဝင် စုပေါင်းစစ်ဆေးရေးဂိတ်၌ ခရီးသွားပြည်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များမှ Mask များဖြန့်ဝေခြင်းဆောင်ရွက်




MNP - အောက်တိုဘာ  ၂၃


ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ (ကျောက်ဖြူ-မအီ) အဝေးပြေးကားလမ်းပေါ်ရှိ မြို့အဝင်စုပေါင်း စစ်ဆေးရေးဂိတ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ယမန်နေ့နံနက် (၁၀)နာရီအချိန်တွင် ခရီးသွား ပြည်သူများနှင့် ဈေးရောင်း၊ဈေးဝယ်လာရောက်ကြသူများကို  ပါးစပ်နှာခေါင်းစည်း(Mask) များဖြန့်ဝေပေးခဲ့သည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွဏ်း ဦးဆောင်၍ အဖွဲ့ဝင်များက ကျောက်ဖြူမြို့သို့ အနယ်နယ်အရပ်ရပ်မှ ပြေးဆွဲသော မော်တော်ယာဉ်လိုင်းများတွင် လိုက်ပါ လာကြသည့် ခရီးသွားပြည်သူများ၊ ဈေးရောင်း၊ဈေးဝယ်လာရောက်ကြသူများနှင့် ရုံးပိတ်ရက်များတွင် ဘုရားဖူးလာရောက်ကြသူများအား ပါးစပ်နှာခေါင်းစည်း(Mask)များ ဖြန့်ဝေပေးခဲ့သည်။


မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက နိုင်ငံအတွင်းကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ်ဆောင်ရွက်ရှိပြီး မြို့နယ်အချို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူများပြားလာသဖြင့် ကျောက်ဖြူမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွား မှုမရှိစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် ပါးစပ်နှာခေါင်းစည်း(Mask) အခု ၁၅၀၀ ခန့်ကို ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။


သတင်း - တင်ထွန်းဦး၊ ဖြိုးဝေလင်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)